ဆားပုလင်းနှင်းမောင်နှင့် မမင်းဖြူမှန်မှန်ပြော

မင်းသိင်္ခ

1000 Kyats ကျပ်
>> ဒီစာအုပ်ထဲမှာ ပင်လယ်ဓားပြကြီးတစ်ဦးက သူဓားပြတိုက်လို့ရတဲ့ ရွှေင်္ဒါးတွေကို ကျွန်းတစ်ကျွန်းမှာ မြှုပ်နှံပြီး မြေပုံအမှတ်အသားအနေနဲ့ ဓားမြှောင်မှာ မမင်းဖြူမှန်မှန်ပြောလို့ရေးခဲ့တယ်။ သာမန်ဘဝမှာတော့ သူကအဂ္ဂိရတ်သမားယောင်ဆောင်ပြီး ဖိုထိုး ထုခွဲစားသောက်တယ်။ ဒီလိုနဲ့ ဓားပြကြီးသေဆုံးသွားတဲ့အခါမှာ သူ့ရဲု့ဖော်ကိုင်ဖက်တစ်ဦးက ရွှေဒင်္ဂါးတွေကို ခြေရာလိုက်ခံခဲ့ပုံကို ရေးသားထားတာ။ ဇာတ်လမ်းထဲမှာပါတဲ့ အငြိမ့်မင်းသမီး မမင်းဖြူ၊ မိုးသီး၊ အေးဆောင်၊ ဆိတ်ဖွား၊ သေတ္တာ တို့ရဲ့ လွမ်းဖို့ကောင်းတဲ့ ဇာတ်လမ်း အချိတ်အဆက်တွေနဲ့ ကျွန်တော်တို့ရဲ့ ဇာတ်လိုက်ကြီး ဆားပုလင်းနှင်းမောင်ရဲ့ ဉာဏ်ရည်ဉာဏ်သွေးတွေကိုလည်း တွေ့မြင်ရမှာမို့ ပိတ်ရက်မှာ ဖတ်လို့ရအောင် တင်ဆက်လိုက်ပါတယ်။