သူငယ်ချင်း

မင်းသရ

200 Kyats ကျပ်
လူ့ဘဝမှာ မိတ်ဆွေအပေါင်းအသင်း သူငယ်ချင်းရဲ့ အခန်းကဏ္ဍဟာ အလွန်အရေးပါပါတယ်။ ကျွန်တော်တို့ ဗုဒ္ဓမြတ်စွာရဲ့ တရားတော်တွေမှာဆိုရင် မိတ်ဆွေကောင်းရဲ့ အကျိုးကို ဟောဖော်ညွှန်ပြထားတာ အများအပြား ရှိပါတယ်။ အရှင်အာနန္ဒက မြတ်စွာဘုရားကို ဒီလို လျှောက်ခဲ့ဖူးတယ်။ ‘အရှင်ဘုရား … မိတ်ဆွေကောင်းကြောင့် အကျိုးကိစ္စတစ်ဝက်ကို ပြီးမြောက်အောင်မြင်စေနိုင်တယ်’ လို့ လျှောက်ထားတဲ့အခါ ဘုရားရှင်က ‘အာနန္ဒာ … ဤသို့ မဆိုလင့်’ လို့ သုံးကြိမ်တိုင်တိုင် ငြင်းပယ်ပြီးမှ၊ မိတ်ဆွေကောင်းကြောင့် အကျိုးကိစ္စ အလုံးစုံ ပြီးမြောက်စေကြောင်း ဟောကြားတော်မူခဲ့ပါတယ်။ အခု စာရေးသူ မင်းသရ ရေးသားတဲ့ သူငယ်ချင်း ဆိုတဲ့ ဇာတ်လမ်းလေးကလည်း မိတ်ဆွေသူငယ်ချင်းတွေ အကြောင်းကို ရသအသွင် ဖော်ကျူး ရေးသားထားတဲ့ အဖြစ်အပျက်လေးတွေပါ။ လူတိုင်းရဲ့ ဘဝမှာ သူငယ်ချင်း မိတ်ဆွေဆိုတာ ရှိကြတာမို့ ဒီဇာတ်လမ်းလေးကို ဖတ်ကြည့်ပြီး သူငယ်ချင်းဆိုတဲ့ အဓိပ္ပာယ်လေးကို ခံစားသက်ဝင်ကြည့်ရအောင်