ချစ်သောပန်းကလေး

မင်းလူ

800 Kyats ကျပ်
ဒီဝတ္ထုဟာ ဆရာမင်းလူရဲ့ လုံးချင်းဝတ္ထုရှည်ခရီးလမ်းက အစောပိုင်းလက်ရာတစ်ပုဒ်ပဲဖြစ်ပါတယ်။ ဇာတ်လမ်းက သာမန်ကြည့်မယ်ဆိုရင်တော့ ရန်ကုန်တက္ကသိုလ် ဘူမိဗေဒဌာန ကျောင်းသားတွေရဲ့ လက်တွေ့ကွင်းဆင်းခရီးမှာ တွေ့ကြုံရ တဲ့ ရင်ထိတ်၊ သနား၊ လွမ်းမော၊ အားတက်ဖွယ် ရသစုံအဖြစ်အပျက်တွေကို ရေးဖွဲ့ထားတာလို့ ဆိုရပါမယ်။ ဒါပေမယ့် သေချာဖတ်ကြည့်မယ်ဆိုရင် ရေးဟန်၊ ရေးနည်း၊ အဖွဲ့အနွဲ့၊ အချိတ်အဆက်တွေကို အဓိကမထားဘဲ အချက်အလက်ကို ပဓာနပြုရေးဖွဲ့ထားတဲ့ ဒီဝတ္ထုမှာ အံ့သြသင့်လောက်ဖွယ်ရာ ဆရာမင်းလူတို့ ခေတ်ကာလက ကျောင်းသားလူငယ်တွေရဲ့ စရိုက်သဘာဝကို ထိတွေ့ခံစားနိုင်မှာပါ။ အပြင်မှာ တကယ် သက်ရှိထင်ရှားရှိတဲ့ သူတွေကို နာမည်ရင်းနဲ့တကွ အခြေပြုရေးဖွဲ့ထားတဲ့ ဒီဝတ္ထုမှာ ကွင်းဆင်း ခရီးအတွင်း လူငယ်ကျောင်းသားတို့ သဘာဝ လှောင်ချင်တိုင်းလှောင်၊ ပြောင်ချင်တိုင်း ပြောင်နေကြသူ ဇာတ်ကောင်တွေကို စာရေးသူကိုယ်တိုင်က ကလောင်ထိန်းသိမ်းလို့ မနိုင်ခဲ့ဘူးလို့လည်း ဆိုထားပါတယ်။ ဒီတော့ ဘယ်လောက်တောင် လှောင်ပြောင်ကြလို့ ဆရာမင်းလူရဲ့ ဝတ္ထုတွေမှာ ပါလေ့ရှိတဲ့အတိုင်း လူ့လောကကြီးကို ဟာသမြောက်မြောက် ထေ့ထားငေါ့ထားတယ် ဆိုတာကိုလည်း စာဖတ်သူတို့ ခံစားသက်ဝင်နိုင်ကြမှာပါ။