ကမ္ဘာဦးရည်းစား

မင်းခိုက်စိုးစန်

800 Kyats ကျပ်
အမြဲတမ်းသိမ်ငယ်မှုတွေနဲ့ ဘဝကို ဖြတ်သန်းရင်း ကြီးပြင်းလာရတဲ့ မိန်းမသားတစ်ယောက်။ သူမကို မခေါ်ချင်တဲ့ ကစားဝိုင်းတွေကို ကလေးပီပီငေးမောရင်း၊ ပါဝင်ခွင့်ရပြန်တော့လည်း ထမင်းသိုးဟင်းသိုးဆိုကာ ကြိုးစားမှုတွေကို အသိအ မှတ်ပြုခြင်း မခံရပြန်ဘူး။ ဒီလိုနဲ့ သူမဟာ ကိုယ့်ဘဝကိုယ် မြင့်မားကြောင်း ပြသဖို့အတွက် ကိုယ့်ကိုယ်ကိုယ် ညံ့ဖျင်းကြောင်း ပြန်ဆိုနေရသူပေါ့။ သူမဘဝမှာ တစ်စုံတစ်ယောက်ဆီက ရရှိတဲ့ ဂရုစိုက်ခြင်းခံရမှုနဲ့ အသိအမှတ်ပြုခံရမှုကို ပြပါဆိုရင် သူမ ရဲ့ ‘ကိုကို’ ဆီကသာပါပဲ။ ဒါကြောင့်လည်း သူမရဲ့ ဖွင့်ဆိုမှုက သူမအတွက်တော့ အံဝင်ခွင်ကျမို့ “ကမ္ဘာဦးရည်းစား” ဟာ ချစ်ခြင်းတရားရဲ့ အားအင်တွေကို ဖော်ညွှန်းရာအဖြစ် ချစ်ဖူးသူတိုင်း အချစ်ကို ခံစားဖူးသူတိုင်း လှိုက်လှိုက်လှဲလှဲ ရင်ဘတ်ကြီးနဲ့ ဖတ်ရှုနိုင်ကြမှပါ။