နောက်ကြည့်မှန်

မင်းကိုနိုင်

1200 Kyats ကျပ်
၈၈ ကားချပ်ကို နောက်ခံထား၍ ကို မင်းကိုနိုင် ရေးသားသည့် ဤ 'နောက်ကြည့်မှန်' စာအုပ်လေးသည် တောဘူတာလေးရဲ့ တစ်နေရာ ရေအိုးစင်လေးတစ်ခုခုနားမှာ၊ ယုံကြည်ရာအတွက် အလုပ်တွေထဲမှာ မြှုပ်နှံထားတဲ့ ကောင်လေးတစ်ယောက်နဲ့ သူ့ကို စောင့်မျှော်နေတဲ့ ကောင်မလေးတစ်ယောက်အကြောင်းတို့ကို ရသ၊ သုတမြောက်အောင် ရေးဖွဲ့ထားသည်။ ခေတ်၏ အခြေအနေနှင့် ထိုခေတ် လူငယ်တို့၏ သဘောသဘာဝများ၊ ကြုံတွေ့ခဲ့ရသည့် အခြေအနေများကိုလည်း လေ့လာမှတ်သားနိုင်မည် ဖြစ်သည်။