သဲတစ်ပွင့်အုတ်တစ်ချပ်နှင့် လွတ်လပ်ရေးရပြီ

ဘဝင်း

600 Kyats ကျပ်
စိတ်ကူးချိုချို စာအုပ်တိုက် (၁၉) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ထုတ်ဝေခဲ့တဲ့ ဆရာဘဝင်းရဲ့ လက်ရာမွန် စာအုပ်ကောင်းတစ်အုပ်။ (၁၉၈၀) ခုနှစ်၊ ဗမာအမျိုးသမီး စာပေထုတ် မူအတိုင်း ပြန်လည်ထုတ်ဝေထားတဲ့ ဒီစာအုပ်က တို့ဗမာအစည်းအရုံး သခင်တွေရဲ့ လှုပ်ရှားမှုတစ်ရပ်ကို မှတ်တမ်းတင်ထားတဲ့ သမိုင်းပုံရိပ်လွှာ ဝတ္ထုဖြစ်ပါတယ်။ ‘ဝတ္ထုဆိုသည်မှာ ချစ်ခန်း၊ ကြိုက်ခန်း၊ အနု၊ အကြမ်း၊ အလွမ်း၊ အဆွေး ပါမှဟု ယေဘုယျအားဖြင့် သုံးသပ်ကြသော်လည်း ဘဝင်း၏ ဝတ္ထုကား ဆန်း၏၊ ဆန်းသော ဝတ္ထုဖြစ်၏။ သူ့ဝတ္ထုတွင် အမျိုးသမီး ဇာတ်လိုက်မပါသော်ငြားလည်း ရှုထောင့်အမျိုးမျိုးမှ ပါဝင်သရုပ်ဆောင်ကြသူများ၏ လှုပ်ရှားချက်များက ဖတ်သူကို လက်မလွှတ်နိုင်အောင် ဖမ်းစားကာ ဝတ္ထုကောင်းတစ်ပုဒ်၏ လက္ခဏာကို ပြနေ၏။ အမျိုးသမီး မပါဘဲလျက် ဆွဲအားရှိရှိနှင့် ကောင်းသောဝတ္ထုဟု ဆိုချင်ပါသည်’ လို့ ဒဂုန်ဦးစန်းငွေက မှတ်ချက်ပြုထားတဲ့ ဝတ္ထု။ ဒီဝတ္ထုထဲက အဓိကဇာတ်လိုက်ဖြစ်တဲ့ သခင်ဝိဇယ။ သခင်ဝိဇယရဲ့ ဖွားဇာတိ ခိုးသမ်းရွာ။ တို့ဗမာအစည်းအရုံးနဲ့ နိုင်ငံရေး အရှုပ်အထွေးတွေ၊ စတဲ့ သမိုင်းဆိုင်ရာ မှတ်တမ်းမှတ်ရာ ဗဟုသုတတွေကို ရသနှောပြီး ထူးထူးခြားခြား ရေးဖွဲ့ထားတဲ့ တစ်ခေတ်တစ်ခါက နာမည်ကျော် ဝတ္ထုတစ်ပုဒ်။ အမျိုးသမီးဇာတ်ကောင်မပါဘဲ အပြောင်မြောက်ဆုံး မှုန်းခြယ်ထားတဲ့ ရသဝတ္ထုတစ်ပုဒ်။ စာချစ်သူတို့အတွက် သမိုင်းတစ်ကွေ့က အတွေ့အကြုံ၊ အယူအဆ၊ ရသဇာတ်ကွက်တွေကို အရသာရှိရှိ ခံစားကြရမှာပါ။