မီးပုံးတစ်ထောင်အိမ်တော်ကြီး

ဘနှင်း(မြန်မာပြန်)

600 Kyats ကျပ်
ဇာတ်လမ်းအစမှာတော့၊ ဂျိမ်းလင်းဆေးရဲ့ ဖခင်ဖြစ်သူ ဆုံးသွားတယ်။ မိခင်က မစ္စတာဆီးလ်ဗက်စတာမီလ်နာဆိုတဲ့ သူဌေးကြီးတစ်ဦးဆီမှာ အလုပ်ရလို့ အင်္ဂလန်တောင်ပိုင်း နယူးဖောရက်စ်မှာရှိတဲ့ ရိုလန်ကရော့တ်ကို ထွက်သွားပါတယ်။ သူ ကျောင်းပိတ်ရက်ရောက်တော့ မိခင်ဆီ လိုက်သွားတယ်။ နောက်တော့ မစ္စတာမီလ်နာဆီမှာ အလုပ်လုပ်ရဖို့လည်း အကြောင်းဖန်လာတယ်။ မစ္စတာမီလ်နာက ရှေးဟောင်းပစ္စည်တွေကို စုဆောင်းရောင်းချသူပေါ့ ! ပြီးတော့၊ ဖခင်ဖြစ်သူဆီက မီးအိမ်တစ်ထောင်အိမ်ကြီးကိုလည်း ရခဲ့တယ်။ လုပ်ငန်းနဲ့ ပတ်သက်တာတွေ သင်နေတုန်းမှာပဲ မစ္စတာဆီးလ်ဗက်စတာမီလ်နာရဲ့ တူဖြစ်သူ ဂျိုးလစ်ဖီနဲ့ ရည်ငံမိသွားတယ်။ နောက်၊ လက်ထပ်သွားကြပါတယ်။ အဲဒါကို သိပ်သဘောမတူသူက မစ္စတာမီလ်နာကိုယ်တိုင်ပဲ။ သူ့ရဲ့၊ ကံကြမ္မာကိုဟောနိုင်တဲ့ ဆင်စွယ်လေးတွေပြောတာဟာ၊ ဒီလက်ထပ်မှုက မကောင်းဘူးတဲ့ ! အဲဒီနောက်ပိုင်းမှာတော့ ဇာတ်လမ်း အဖြစ်အပျက်တွေက ကိုယ် မမျှော်လင့်ထားတာတွေချည်းပဲ။ ပြောရရင်၊ ဒီဝတ္ထုက အေးအေးလေးနဲ့ ဇာတ်ရှိန်မြင့်သွားတာမျိုးပါ။ ဇိမ်နဲ့ဖတ်ချင်တယ်ဆို လင့်ခ်ကိုနှိပ်ပြီး စာအုပ်ဒေါင်းထားလိုက်ပါနော် !