နေဝင်လုပြီ

ဗျူး

800 Kyats ကျပ်
ပန်းသွေးနီနီက နာမည်လေးအတိုင်းပဲ သိပ်ချစ်ဖို့ကောင်းတယ်။ သူက သူ့အမေ နောက်ယောက်ျား ယူပြီးကတည်းက ယောက်ျားတွေကို ကြည့်မရတဲ့စိတ်ဝင်နေတယ်။ သူ့မှာ သူငယ်ချင်းတစ်ယောက်ရှိတယ်။ ခခနောင်တဲ့။ သူကလည်းလှတယ်။ ပြောရရင်တော့ ခခနောင်က မဏိလျှမ်းဆိုတဲ့ သူ့အိမ်ရှေ့က ကောင်လေးကိုမြှူဆွယ်နေတာ။ မဏိလျှမ်းက ပညာတတ်၊ ချမ်းသာတယ်၊ ရုပ်ချောတယ်။ ပန်းသွေးနီနီမှာ ခခနောင်ကို သဘောမကျတာ တစ်ခုပဲရှိတယ်။ သူကအိမ်ထောင်ရေး၊ အချစ်ရေးကို ဦးနှောက်နဲ့ ဆုံးဖြတ်တာကိုပါပဲ။ တစ်နေ့၊ ပန်းသွေးနီနီရဲ့ မေမေ အလုပ်ကိစ္စတစ်ခု ခိုင်းလိုက်လို့ မဏိလျှမ်းတို့အိမ်ကို သွားရတယ်။ အဲဒီအခါ မဏိလျှမ်းက သူ့ကို လိုတာထက်ပိုပြီး ချိုသာနေတာက သူ့အတွက် အတော်ကို ထူးဆန်းတာပေါ့။ နောက်ပိုင်းဇာတ်လမ်းပုံစံကိုတော့ နည်ည်းနည်းရိပ်မိမယ် ထင်ပါတယ်။