မနက်ဖြန်အဖို့ချစ်သူနှင့် အနီးတဝိုက်တွင်သာယာမည်

ဗျူး

800 Kyats ကျပ်
စာမြည်း ။ ။ “ဘာလဲ … သိက္ခာတွေထဲမှာ မင်းနှလုံးသားကြီးကို ဆေးစိမ်မလို့လား၊ လုပ်နေပါနဲ့ကွာ၊ ဒဏ်ရာကြီးနဲ့ဆိုရင် ရေခဲမြစ်ထဲ ပစ်ချထားလည်း ဟက်တက်ကွဲကြီးနဲ့ ရွံစရာကြီးနေမှာ၊ ငါ မကြည့်ရက်ပါဘူး” “မဟုတ်ဘူး၊ မင်းကို ငါလိုက်လျောမှာ မဟုတ်ဘူး၊ ဒါပေမဲ့ လက်ဆောင်အဖြစ် ငါပေးနိုင်ပါသေးတယ်၊ မင်းနဲ့ငါ နှစ်ဦးသဘောတူ ငါက အပိုင်ရထားပေမဲ့ ခုချိန်ကစပြီး မင်း ကြိုးစားပိုင်ခွင့် ရှိသွားပြီး ငါကလည်း တစ်ယောက်တည်း ပထမရသွားတာမျိုး မလိုချင်ပါဘူး၊ ဘယ်လိုလဲ ကျေနပ်လား” “ကျေနပ်တယ်ဆိုတာ ရောင့်ရဲခြင်းပဲကွ၊ မချိပြုံးမျိုး ငါ ဘယ်တော့မှ မပြုံးဘူး၊ ငါးမရရင် ရေချိုးမပြန်ဘူး၊ ရေတွေခမ်းသွားအောင် ရေကို မီးရှို့ပစ်မှာ၊ ရောင့်ရဲတတ်တာ လူညံ့ပဲ” ကျော်က မျက်နှာတစ်ချက်မော့၍ ဟားခနဲ ရယ်သည်။ “အောင်မြင်တဲ့သူတိုင်း ဒီလိုပြောကြတာပဲ၊ ယုံကြည်မှုမှာ ဘရိတ်ရှိတယ်၊ ငါကတော့ သတိဆိုတာ အမြဲထားတယ်၊ မင်း အမြဲအောင်မြင်နေဖို့ ကြိုးစားပါ” “ဟုတ်တယ်၊ ငါ့ရဲ့ အောင်မြင်မှုဟာ မင်းရဲ့ ကျရှုံးမှုပဲ၊ မင်းသာ ဘရိတ်ကို မိအောင် ဆုပ်ထားစမ်းပါ”