ပန်းတွေအိပ်ရာကနိုးဖို့ နံနက်ခင်းဆီဝင်ခွင့်ပြုပါ

ဗျူး

800 Kyats ကျပ်
>> ဆင်ဂယ်မားသားဆိုတာ ဒီနေ့ခေတ်မှာ ပေါများလာပေမယ့်။ ဆင်ဂယ်ဖားသားဆိုတာကို သိပ်ဂရုပြုကြလေ့ မရှိကြပါဘူး။ ဒါပေမဲ့ အဲဒီနှစ်မျိုးလုံးက အတူတူပါပဲ။ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ပြီး ကိုယ့်သားသမီးကိုယ် အကောင်းမွန်ဆုံး ပျိုးထောင်နေကြတဲ့ သူတွေ။ လေးစားဖို့လည်းကောင်းကြတဲ့ သူတွေပါ။ အဲဒီထဲမှာ 'မဏိစည်' တစ်ယောက်အပါအဝင်ပါပဲ။ နာမည်ကြီး သီချင်းရေးဆရာတစ်ယောက် ဖြစ်ခဲ့ပေမယ့် အခုနောက်ပိုင်းနာမည်ကျနေပြီ။ သားဖြစ်သူ 'မင်းဘဏ္ဍာ' ဘဝအတွက် သူကြိုးစားရုန်းကန်နေတယ်။ သားဖြစ်သူက မိခင်ဖြစ်သူကို တွေ့ချင်လွန်းတိုင်း 'မဏိစည်' ရဲ့နှလုံးသားတွေ ကွဲကြေရတယ်။ >> တကယ်တော့ 'မင်းဘဏ္ဍာ' ရဲ့ မိခင်အရင်းက နာမည်ကြီးမင်းသမီးတစ်ယောက်ဖြစ်နေပြီ။ စာအုပ်ထဲမှာ သားအဖနှစ်ယောက် ဘယ်လိုရင်းနှီးမှုတွေရှိမလဲ၊ မဏိစည်နဲ့ နာမည်ကြီးမင်းသမီး ဘယ်လို ကွဲကွာသွားကြတာလဲ ဆိုတာတွေက အရမ်းစိတ်ဝင်စားဖို့ကောင်းပါတယ်။ အားလပ်ချိန်မှာ ဖတ်လို့ကောင်းတဲ့ ဝတ္ထုတစ်ပုဒ်ပဲ ဖြစ်ပါတယ်။