ချစ်သူကသွန်းဆစ်တဲ့ အလင်းသစ်နှင်းဆီ

ဗျူး

800 Kyats ကျပ်
ဒီဝတ္ထုထဲမှာတော့ ဆရာကျတဲ့ ဆရာဗျူးက ဇာတ်ကောင်တွေကို အပြိုင်အဆိုင်စရိုက်နဲ့ အထာကျကျ ရေးဖွဲ့ထားတယ်။ “လူ့ဘဝမှာ ကိုယ်ဖြစ်ချင်တာကို ဖြစ်ခွင့်ရတဲ့လူ ရှားတယ်ဟ၊ ငါကတော့ ဖြစ်အောင် လုပ်တာပဲ” ဆိုတဲ့ နှင်း (နှင်းမကိုဋ်) ဟာ သူ့အစ်မ ‘ပန်း’ နဲ့တော့ လုံးဝ ဆန့်ကျင်ဘက်ပဲ။ ‘ပန်း’ ဆီမယ် လွတ်လပ်တဲ့ ကိုယ်ပိုင် ဆုံးဖြတ်ချက် အတွေးအမြင်တွေ ဆိတ်သုဉ်းနေတယ်။ အမေကိုလည်း ကြောက်ရှာသကိုး။ ဒါပေမဲ့ ပန်းက အရမ်းလှတယ်။ မိဘ စိတ်ကြိုက် ရွေးချယ်ထားတဲ့ မိသားစုအဆင့်တူ ‘နွေကွန်ချာ’ ဆိုတဲ့ လူနဲ့ လက်ဆက်ဖို့ သူမချစ်တဲ့ ချစ်သူကို အဆက်ဖြတ်ဖို့ ဖိအားပေးတာကို မလွန်ဆန်နိုင်တဲ့ မိန်းကလေးပဲ။ တစ်ဖက်မှာ နှင်းကတော့ ဆတ်ဆတ်ကြဲ။ ပြတ်သားတယ်။ ရဲရင့်တယ်။ သူ့ကို ချဉ်းကပ်လာတဲ့ ‘မိုးရိပ်’ ဆိုတဲ့ လူငယ်ကို သူမနဲ့ မတူသလို ခပ်ရင့်ရင့်ကလေး ပြောဆိုလိုက်ပြီးနောက်ပိုင်း ဇာတ်လမ်းက စတာပဲ။ တကယ်တော့ ‘မိုးရိပ်’ နောက်ခံက ချမ်းသာတယ်။ အဖေနဲ့ ဆက်ဆံရေး မတည့်လို့ အိမ်ပေါ်ကဆင်းပြီး တစ်ယောက်ထဲနေတော့ ခပ်နွမ်းနွမ်းဖြစ်နေတာပေါ့။ ပန်းရယ်၊ နှင်းရယ်၊ နွေကွန်ချာရယ်၊ မိုးရိပ်ရယ် - ဒီလို အပြိုင်ဇာတ်ကောင်တွေနဲ့ ဒရမ်မာဇာတ်လမ်းကို ဆရာဗျူးက ဘယ်လို လှည့်ကွက် သုံးထားသလဲ ဆိုတာကတော့ ဖတ်သာကြည့်ပေတော့။