မြိုင်

ဗန်းမော်တင်အောင်

1500 Kyats ကျပ်
လွတ်လပ်ရေးရပြီးခေတ် ဖြစ်ပေမဲ့ ကိုလိုနီခေတ် အငွေ့အသက်တွေ လွှမ်းမိုးနေဆဲ လူ့အထက်တန်းလွှာမှာ မွေးဖွားလာသူ မြိုင် ဆိုတဲ့ ခေတ်သမီးပျိုတစ်ဦးနဲ့ အရင်းရှင်စနစ်ကို မုန်းတီးစက်ဆုပ်ပြီး ကိုယ်ယုံကြည်ရာ သတင်းစာအလုပ်မှာ ဘဝကို မြှုပ်နှံထားသူ ကိုတင်ဦး။ မတူညီတဲ့ အလွှာနှစ်ခုက မတူညီတဲ့ အတွေးအခေါ် ခံယူချက်၊ ယုံကြည်ချက်တွေကိုယ်စီနဲ့ သူစိမ်းနှစ်ဦး တွေ့ဆုံမိကြဖို့ အကြောင်းဖန်လာစေတာက အနုပညာကို နှစ်သက်ခံစားတတ်တဲ့ နှလုံးသားကြောင့်ပါပဲ။ ဒီလို အဓိကဇာတ်ဆောင်တွေအပြင် အခြား ဇာတ်ပို့ဇာတ်ရံ ဇာတ်ကောင်တွေများစွာနဲ့ သရုပ်ဖော်ထားတဲ့ ဒီဝတ္ထုရှည်ကြီးထဲမှာ ခေတ်စနစ်တစ်ခုအောက် လူးလွန့်လှုပ်ရှားနေတဲ့ လူတန်းစားအလွှာတွေရဲ့ သရုပ်သကန်ကို ပီပီပြင်ပြင် ထင်ထင်ရှားရှား မြင်တွေ့နိုင်မှာ ဖြစ်သလို၊ မြိုင်နဲ့ ကိုတင်ဦးတို့အကြားက အတွေးအခေါ် ခံယူချက်တိုက်ပွဲဟာလည်း စိတ်ဝင်စားစရာ ကောင်းလှပါတယ်။