ဝဋ်ကြွေးသင့်ချိန်

ဖျာပုံရည်လွင်အောင်

200 Kyats ကျပ်
ငြမ်းဆိုတာ အဖြည့်ခံ။ နင်းတက်သွားဖို့တဲ့။ ဝတ္ထုထဲက မောင်အေး ပြောတဲ့စကားပါ။ သူက ငယ်ငယ်တုန်းက လူချစ်လူခင်ပေါတယ်။ သူ ဆယ်တန်းနှစ်ရောက်တော့ အဖေဆုံးတယ်။ ဒီတော့ မိသားစုအတွက် သူကျောင်းထွက်ပြီး အလုပ်လုပ်ဖြစ်ခဲ့တယ်။ ကုန်ထမ်းတယ်။ ဆိုက်ကားနင်းတယ်။ လောကဓံရဲ့ ရိုက်ချက်က ဘယ်လောက်ထိ ပြင်းထန်သလဲတော့မသိဘူး။ မောင်အေးဟာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့တယ်။ စေတနာတွေ ပြည့်လျှံနေတတ်တဲ့ မောင်အေး၊ စိတ်ထားနူးညံ့တဲ့ မောင်အေး၊ မေတ္တာတွေ ပြည့်နေတတ်တဲ့ မောင်အေးဟာ ဘဝကံအကျိုးပေးမကောင်းမှုကို အကြောင်းပြုပြီး ဘဝကို ရေစုံမျှောပစ်လိုက်တယ်။ ရက်စက်မှု စိတ်ရိုင်းတွေက သူ့ကို လွှမ်းခြုံသွားခဲ့တယ်။ သူပျိုးခဲ့တဲ့ ပန်းလေးတွေက သူ့ကို ပစ်ပယ်ခဲ့တယ်။ ဘဝကို ရေစုန်မျှောပစ်လိုက်သူ တစ်ယောက်ရဲ့ဘဝမှာ ကျနော်တို့ ဘာတွေမြင်ရမလဲ ? ဖတ်ကြည့်ရအောင်ပါ !