အစ်ကို ... သို့

ဖရော်ဆန်

1000 Kyats ကျပ်
လူတိုင်းရဲ့ စိတ်ကူးထဲမှာ တိတ်တိတ်ကလေး ရင်ဖွင့်လို့ရတဲ့ တစ်စုံတစ်ယောက် ရှိပါတယ်။ အဲဒါက ဘယ်သူလဲ ဆိုရင် ကိုယ်ကိုယ်တိုင်ပဲ သိမှာပါ။ ဒီစာအုပ်ထဲမှာ စာရေးသူက သူ့အတွေးထဲ ရှင်သန်နေတဲ့ အစ်ကိုဆိုတဲ့ လူတစ်ယောက်ကို သူ့ရဲ့ နာကျင်ရမှုတွေ၊ လွမ်းဆွတ်ရမှုတွေ၊ နွမ်းလျမှုတွေ၊ ခံစားချက်တွေကို ဖွင့်ဟထားတယ်။ စာဖတ်သူရဲ့ ခံစားချက်ကို နွမ်းလျစေနိုင်သောပါပဲ။ “ခေါ်နေရက်နဲ့ မကြားတော့တာမျိုး ... နှုတ်ဆက်ချင်ပေမဲ့ အခွင့်အရေး မရှိတော့တာမျိုးဟာ ဘဝခြားမှရယ် မဟုတ်ပါဘူး။ တစ်ယောက်နဲ့တစ်ယောက် နှလုံးသားချင်း ခြားသွားတဲ့အခါမျိုးမှာလည်း ဖြစ်တတ်တာပဲမဟုတ်လား” - အစ်ကို … သို့ (၅) ကျွန်တော် ပြောဖူးပါတယ်။ ကျွန်တော်က လမ်းဘေးက ခွေးလေးနဲ့ တူပါတယ်လို့လေ။ ကိုယ့်ကို တစ်ခါလောက် နွေးနွေးထွေးထွေး ဆက်ဆံပေးဖူးရုံနဲ့ အစ်ကို့ကို ကျွန်တော့် သခင်လို့ ထင်နေတတ်တာ။ ကိုယ့်ဘဝကိုယ် မေ့သွားတာ။ တကယ်က ချစ်ခြင်းမေတ္တာဆိုတာ ကျွန်တော်နဲ့ မအပ်စပ်တဲ့ကမ္ဘာပါ အစ်ကို" - အစ်ကို … သို့ (၇) “အရံလူဖြစ်ရတာ အရင်ဘဝက ဆုတောင်းမှားခဲ့လို့ ထင်တယ်။ ဒါမှမဟုတ် ဝဋ်ကြွေးလှလှ တစ်ခုပေါ့။ ကိုယ်တိုင် မုန်းတီးလာတဲ့ ကိုယ့်ဖြစ်တည်မှုကို တမင်တကာ ဖျက်ဆီးပစ်လိုက်ရတာမျိုး။ အစ်ကို့ကို စတင်စွန့်လွှတ်ခဲ့ခြင်းတွေအတွက် အစ်ကို နားလည်မယ်လို့ မျှော်လင့်ပါတယ်”