နတ်စောင့်ပျားနှင့် သားရဲတို့ရွာ

ဖိုးကျော့

800 Kyats ကျပ်
ဆရာဖိုးကျော့ရဲ့ လက်ရာမွန်တွေထဲက တစ်အုပ်ဖြစ်တဲ့ ဖြစ်ရပ်ဆန်းကြယ် လုံးချင်းဝတ္ထုရှည်တစ်ပုဒ် ဖြစ်ပါတယ်။ ဒီစာအုပ်ကို ပထမအကြိမ် ထုတ်ဝေစဉ်က ဒီခေါင်းစဉ်နဲ့ မဟုတ်ပါဘူး။ (၁၉၇၄) သြဂုတ်လက ထုတ်ဝေခဲ့တဲ့ ‘အမှောင်လမ်းက သူတို့အပြန်’ ဆိုတဲ့ ဝတ္ထုရှည်ကို ပိုမိုလိုက်ဖက်တဲ့ အမည်နဲ့ ထပ်မံပုံနှိပ်ခဲ့ရာမှာတော့ ‘နတ်စောင့်ပျားနှင့် သားရဲတို့ရွာ’ ဆိုပြီး ဖြစ်လာခဲ့ပါတယ်။ ကျောက်ဖျာတောင်စောင်းပေါ်က နတ်စောင့်ပျားအုံ၊ တစ္ဆေသရဲတွေ ရွာတည်နေကြတဲ့ ကျောက်ဖျာတောင်စောင်းက နတ်စောင့်ပျားအုံ၊ ကြောက်မက်ဖွယ်၊ ထိတ်လန့်ဖွယ်၊ အံ့အားသင့်ဖွယ် ရသအဖုံဖုံနဲ့ ဖတ်ရှုကြရမယ့် ဖြစ်ရပ်ဆန်းကြယ် ဝတ္ထုရှည်တစ်ပုဒ်ပါပဲ။