ဇလပ္နီ

ပျိုး

800 Kyats ကျပ်
‘ဂြိုလ်ကောင်မ’ ‘အပျိုရည်ပျက်မတဲ့’။ ဒီစကားကို ကလေးငယ်တစ်ယောက်ကို ပြောရင် ဘယ်နားလည်ပါ့မလဲ … ဒါပေမဲ့၊ ဒီစကားနှစ်မျိုးလုံးကိုတော့ ဇလပ်နီဆိုတဲ့ ကလေးမလေး အပြောခံနေရပါတယ်။ ဂြိုလ်ကောင်မ ဆိုတာကိုတော့ နီရဲ့ မိခင်ကိုယ်တိုင်ကပြောတာပါ။ သူတို့ တစ်မိသားစုလုံး သိပ်ချစ်ရတဲ့ ကိုကိုလေးကို နီက ကလေးပီပီ ပူဆာမှုတစ်ခုကြောင့် အသက်သေဆုံးသွားပြီးနောက်ပိုင်း နီ့ကို ဒီလို မကြာခဏ အခေါ်ခံ ပြောဆိုခံရတာပါ။ နောက်တစ်ခုက အပျိုရည်ပျက်မတဲ့။ ဒီအဓိပ္ပါယ်ကို ငယ်ရွယ်တဲ့ နီဘယ်နားလည်မလဲ။ ဒါပေမဲ့၊ အိမ်နီးနားချင်း အဒေါ်ကြီးက နီ့ကို အဲဒီလိုခေါ်တယ်။ ဘာကြောင့်လဲ။ အဲလိုအခေါ်မခံရခင် ရက်ပိုင်းကတည်းက နီ့ရဲ့ ဖေဖေကလည်း မေးကြောကြီးထောင်ပြီး အမြဲတမ်းအံတကြိတ်ကြိတ်နဲ့။ မမဖြူကလည်း နီ့ကိုအငြိုငြင်မခံတော့ … မေမေကလည်း ကိုကိုကြောင့် နီ့ကို နာကျည်းနေတာတွေ ပျောက်ကုန်ပြီထင်တယ်။ ဒီလို ကြမ်းတမ်းတဲ့ ဘဝကို ငယ်ငယ်ရွယ်ရွယ်နဲ့ ကြုံခဲ့ရတဲ့ ဇလပ်နီ။ ရှေ့ဆက်ပြီးရော သူ့ဘဝက ဘယ်လောက်အထိ ခက်ခဲဦးမလဲ။ ကျွန်တော်တို့ ဘယ်လိုမျိုး ဇာတ်လမ်းတစ်ပုဒ်ကို မြင်ရမလဲ ...