လီလီပန်းလေးရဲ့အချစ်သက်သေ

ပန်းရောင်စိတ်ကူး

500 Kyats ကျပ်
မိုင်ဝေးက လျှမ်းလျှမ်းတောက် အောင်မြင်နေတဲ့ အနုပညာရှင်တစ်ယောက်။ ဒါပေမဲ့ သူ့ဘဝမှာ ပျော်ရွှင်စရာတွေ သိပ်မရှိလှပါဘူး။ အထူးသဖြင့် သူ သိပ်ချစ်ခဲ့ရတဲ့ ဦးစစ်မှန်ခြင်း က သူ့ကို မုန်းတီးသွားပြီးနောက်မှာပေါ့။ ဦးစစ်မှန်ခြင်း မုန်းတီးရတဲ့ အကြောင်းအရင်းကလည်း မိုင်ဝေးရဲ့ မိသားစုဝင်တချို့ဟာ သူ့အဖေကို ထိခိုက်စေခဲ့သလို သေစေခဲ့လို့ပါတဲ့။ နောက်ပြီး မိုင်ဝေး ဆီကို အမျိုးအစားမတူတဲ့ လီလီပန်းလေးတွေ ပို့ပေးနေတဲ့ လူတစ်ယောက် ရှိနေသလို ဦးစစ်မှန်ခြင်းကို အရမ်းသဘောကျပြီး အတင်းကပ်နေတဲ့ ယွန်းပန်းမမှီဆိုတဲ့ ကောင်မလေးတစ်ယောက်လည်း ရှိနေပြန်သေးတယ်။ ဒီလို အစပြုထားတဲ့ ဇာတ်လမ်းထဲမှာ လူတစ်ယောက်နဲ့ တစ်ယောက်ရဲ့ မတူညီတဲ့ ချစ်ခြင်းတွေ၊ မိသားစုပြဿနာတွေ၊ နာကျင်စရာတွေ၊ စိတ်လှုပ်ရှားစရာတွေကို တဝကြီးဖတ်ရှုခံစားရမှာပါ။ ဖတ်ကြည့်စေချင်ပါတယ်။