ချစ်တယ်ဆိုတာတွေထက် ပိုချစ်တယ်

ပန်းသီခိုင်

700 Kyats ကျပ်
>> ကံတရားဆိုတာကလည်း မျက်နှာသာပေးခဲပါတယ်။ ကံဆိုးမှုကသာ လူတွေဆီကို မကြာခဏ ရောက်လာတတ်တာမှတ်လား။ ဖြူဝေလွင်ဆိုတဲ့ ကောင်မလေးကလည်း မွေးကတည်းက ကံဆိုးမှုတွေကြီးပဲ ကြုံရတယ်။ မွေးတဲ့ရက်မှာပဲ အဖေအရင်း၊ အမေအရင်းဆုံးတယ်။ ဒါပေမယ့် ဒေါက်တာဦးဝေလွင်က ဖြူကိုမွေးစားခဲ့တယ်။ အဲဒါကလည်း ကံကောင်းတယ်လို့ပြောရမလား၊ ကံဆိုးတယ်လို့ပြောရမလားပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဦးဝေလွင်က သူ့ကိုချစ်ပေမယ့် မိထွေးဖြစ်သူနဲ့ သူ့သမီးဖြစ်သူ ညိုဝေလွင်က နှိပ်စက်တတ်လို့ပါပဲ … ဘဝကတော်တော်ဆိုးတယ်နော်။ >> ဒီလိုနဲ့ ဖြူ တစ်ယောက် သူကလည်း စိတ်ဝင်စား၊ သူ့ကိုလည်း စိတ်ဝင်စားတဲ့ ဆေးကျောင်းသား ဇော်ဇော်ဦးနဲ့တွေ့ခဲ့တယ်။ ဒါပေမဲ့ ဇော်ဇော်ဦးက ဖြု့ရဲ့အမ ညိုဝေလွင်နဲ့ စေ့စပ်မယ့်သူ ဖြစ်နေတဲ့အခါ … ဒီလိုဒုက္ခတွေနဲ့ပြည့်နေတဲ့ ဖြူ့ဘဝကနောက်ပိုင်းမှာ ဘယ်လိုအလှည့်အပြောင်းတွေ ကြုံတွေ့ရမလဲဆိုတာကို ရင်ခုန်လှိုက်မောစွာနဲ့ ဖတ်ရှုရဦးမှာပဲ ဖြစ်ပါတယ်။