မိလိန္ဒမင်း နှင့်အရှင်နာဂသေနတို့၏သိမ်မွေ့နက်နဲသော ဘာသာရေးအမေးအဖြေများ

နန္ဒာမိုးကြယ်

700 Kyats ကျပ်
ခုဒ္ဒကနိကာယ်၊ မိလိန္ဒပဥှာပါဠိတော်ကို အခြေခံပြီး ဆရာနန္ဒာမိုးကြယ်က လူတိုင်း နားလည်အောင် ရှင်းရှင်းလင်းလင်း ပြန်လည်ရေးသားထားတဲ့ စာအုပ်ပါ။ မိလိန္ဒပဥှာဆိုတာ နက်နဲသလို၊ အံ့သြထူးခြားတဲ့ အကြောင်းအရာတွေ များစွာကို စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်တော်တွေ၊ ပုံပြင်တွေ၊ ဥပမာ သာဓကတွေနဲ့ တန်ဆာဆင်ထားတဲ့ ပညာခန်းတွေပဲ ဖြစ်ပါတယ်။ မူလ မိလိန္ဒပဥှာကျမ်းမှာ အခန်းခြောက်ခန်း ပါဝင်ပြီး အမေးပုစ္ဆာ (၂၆၂) ပါး ပါဝင်ပြီး မူရင်းကျမ်းမှာ မပါသေးတဲ့ အမေးအဖြေပေါင်း (၄၂) ပါး ရှိပါသေးတယ်။ မိလိန္ဒမင်းနဲ့ အရှင်နာဂသိန် မထေရ်မြတ်တို့ရဲ့ အမေးအဖြေခန်း အဆုံးမှာ နှစ်သိန်းလေးသောင်း အထုရှိတဲ့ မဟာပထဝီ မြေကြီးဟာ အိုးထိန်းစက်လို သွက်သွက်ခါ တုန်လှုပ်ပြီး နတ်ဗြဟ္မာတွေကလည်း ကောင်းချီးပေးခဲ့ကြပါတယ်။ စိတ်ဝင်စားစရာတွေ အပြည့်ပါဝင်တဲ့ မိလိန္ဒမင်းနဲ့ အရှင်နာဂသိန်မထေရ်မြတ်တို့ရဲ့ အမေးအဖြေခန်းတွေကို စာချစ်သူတို့ မဖတ်ရသေးရင် အလွယ်တကူ ဖတ်နိုင်ဖို့အတွက် ဒီစာအုပ်လေးကို လက်တို့လိုက်ပါတယ်နော်။