မောင်က ကျွန်မကို ချစ်သတဲ့လား
နီနီနိုင် (သထုံ)
1000 Kyats ကျပ်
အမွန်နဲ့ မြင့်နိုင်တို့က ရင်ခုန်တတ်စအရွယ်၊ မနူးမနပ်အရွယ်မှာ ဆုံတွေ့ခဲ့ကြပြီး တစ်ယောက်နဲ့တစ်ယောက် ခွဲခွာမရအောင် ချစ်မိခဲ့ကြတယ်။ ဒါပေမဲ့ အဲဒါဟာ ခဏပါပဲ။ မြင့်နိုင်ရဲ့ မိသားစုက အမွန်နဲ့ သဘောမတူဘူး။ ဘာဖြစ်လို့လဲဆိုတော့ မြင့်နိုင်တို့ မိသားစုကချမ်းသာပြီး အမွန်တို့က ချို့တဲ့တယ်လေ။ ဒီတော့ မြင့်နိုင်ရဲ့ မိခင်က သူ့သားကို တင်တင်မြ ဆိုတဲ့ ကလေးမနဲ့ပဲ သဘောတူတယ်။
ဒီလို အစပြုခဲ့တဲ့ သူတို့နှစ်ယောက်ရဲ့ ချစ်ခြင်းဟာ နောက်ပိုင်းမှာ ရင်တစ်ခုလုံးကို နွမ်းလျစေမယ့် အကြောင်းအရာတွေများစွာကို ဖြစ်ပျက်စေခဲ့ပါတယ်။ ဒီဇာတ်လမ်းဟာ အစမှာဖတ်ရတာ ပေါ့ပေါ့ပါးပါးရှိသလောက် နောက်ပိုင်းမှာတော့ နာကျည်းစရာတွေ၊ ဒေါသထွက်စရာတွေနဲ့ ပြည့်နှက်နေတာပါ။ ဒါကြောင့် အချစ်ဒရာမာ ဇာတ်လမ်းမျိုးကို ကြိုက်တတ်သူတွေအနေနဲ့ ဒီဝတ္ထုကို ဖတ်ကြည့်ပါလို့ ညွှန်းဆိုလိုက်ပါရစေ။