ရင္ရဲ့ရိုးရာ

နီကိုရဲ

800 Kyats ကျပ်
ဆရာနီကိုရဲရဲ့ လူကြိုက်များခဲ့တဲ့ လက်ရာကောင်း စာအုပ်တွေထဲက တစ်အုပ်ဖြစ်တဲ့ ‘ရင်ရဲ့ ရိုးရာ’။ လှပသိမ်မွေ့တဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်လို့ပဲ ဆိုချင်ပါတယ်။ ကျွန်တော်တို့ ငယ်ငယ်က စာအုပ်အငှားဆိုင်ခေတ်မှာ ဒီစာအုပ်လေးက လက်မလည်အောင် ငှားခဲ့ရတဲ့ စာအုပ်လေးဆိုတာ မှတ်မိနေသေးတယ်။ စာချစ်သူတို့ရော … စာအုပ်အငှားဆိုင်ခေတ်ကို ဖြတ်သန်းခဲ့ဖူးကြတယ် မဟုတ်လား။ ဒါဆိုရင် ဒီစာအုပ်လေးကို မှတ်မိကြမယ်လို့ ထင်ပါတယ်။ ချစ်စရာကောင်းတဲ့ လူငယ်ရင်ခုန်သံ ဝတ္ထုရှည်တစ်ပုဒ်ဖြစ်သလို ဘဝထဲက ချစ်ခြင်းတွေကို နူးညံ့သပ်ရပ်စွာ ပုံဖော်ထားတဲ့ အချစ်ရသ ဇာတ်လမ်းလေးပေါ့။ မိုးဆွေနဲ့ ချမ်းမြမြကြိုင်ဆိုတဲ့ ချစ်သူနှစ်ဦးရဲ့ ကြည်နူးစရာ၊ ရင်ခုန်စရာ၊ ဝမ်းနည်းစရာ၊ လွမ်းမောစရာ အငွေ့အသက်တွေကို ခံစားရမှာဖြစ်သလို မောင်နှမသွေးချင်းတွေရဲ့ မေတ္တာတရား၊ ကိုယ်ချင်းစာနာစိတ်၊ အနစ်နာခံမှုတွေကိုလည်း မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ရယ်စရာထက် ကြည်နူးစရာ၊ စိတ်နှလုံးချမ်းမြေ့စရာ အချစ်ဝတ္ထုတစ်ပုဒ်အဖြစ် ခံစားကြရမယ့် လက်ရာကောင်းတစ်ပုဒ်မို့ စာချစ်သူတို့ လက်မလွတ်စတမ်း ဖတ်ကြည့်စေချင်တဲ့ စေတနာနဲ့ လက်တို့လိုက်ပါရစေနော်။