နှလုံးသားထဲကြွက်ဝင်နေသည်...

နီကိုရဲ

800 Kyats ကျပ်
လူတစ်ယောက်၏ ဘဝတွင် မိမိဝိညာဉ်က မည်သူတစ်ဦး တစ်ယောက်မှ မကြားရအောင် ကျယ်လောင်စွာ မေးသော မေးခွန်းသုံးခု ရှိသည်… ထိုမေးခွန်း (၃) ခုမှာ … မိမိပတ်ဝန်းကျင် အခြေအနေက မေးသော မေးခွန်း။ မိမိ အသက်အရွယ် အခြေအနေက မေးသော မေးခွန်းနှင့် မိမိခံစားချက် အခြေအနေက မေးသော မေးခွန်းတို့ဖြစ်သည်။ ထိုမေးခွန်း (၃) ခု၏ အဖြေကို သင့်တော်အောင် ဖြေဆိုခြင်းသည် ဘဝကို ရင်ဆိုင်ခြင်းသာ ဖြစ်သည်ဟု ထင်သည်။ အသက် (၃၀) ကျော်လာပြီး အိမ်ထောင်မရှိသော လူမျိုးတွင် ထိုမေးခွန်း (၃)ခုသည် ထင်မှတ်မထားသော ဆုံမှတ်တစ်ခုတွင် ရုတ်တရက် ပေါင်းဆုံကာ မေးခွန်းတစ်ခုတည်း ဖြစ်သွားသည့်အခါ ထိုမေးခွန်းသည် ဖြေဆိုရ အလွန် ခက်ခဲသော ကြီးကျယ် ခမ်းနားသည့် မေးခွန်းတစ်ခု ဖြစ်သွားတတ်ပါသည်။ ထိုမေးခွန်းတစ်ခုကို ကြုံတွေ့ရသည့်အခါ…