မဟုတ်ဘူးလားဆိုတော့ ဟုတ်တယ်

နီကိုရဲ

800 Kyats ကျပ်
ခွာအေး က အညာသူစစ်စစ်။ သူတို့ဒေသရဲ့ ထုံးစံအရ အမူအကျင့်ကိုကြည့်ပြီး နာမည်ပေးလေ့ရှိတယ်။ သူငယ်ငယ်က အနေအေးပြီး ခပ်ခွာခွာနေတတ်တာကြောင့် နာမည်က ခွာအေးဖြစ်လာတယ်။ တက္ကသိုလ်တက်တဲ့တောက်လျှောက် သူနဲ့ သူငယ်ချင်း စန်းမွန်အောင်တို့က အချစ်ရေးဆိုတာ ဘာမှန်းကိုမသိခဲ့ရဘူး။ တက္ကသိုလ်ခုံတန်းပြာနဲ့ ကော်ရစ်တာတွေက သူတို့အတွက် ခင်မင်ခြင်းတွေမှာပဲ ရပ်တန့်သွားပြီး အဆုံးသတ်ခဲ့ရတယ်။ တက္ကသိုလ်ပြီးသွားတော့ ခွာအေးက အညာပြန်၊ စန်းမွန်အောင်က ရန်ကုန်မှာ ကျန်ခဲ့တယ်။ သူငယ်ချင်းနှစ်ယောက် စာနဲ့အဆက်အသွယ်လုပ်ဖြစ်ရင်း ကွန်ပျူတာသင်တန်းတက်ဖို့ ဆွေးနွေးဖြစ်ရာက ခွာအေး ရန်ကုန်ကိုပြန်တက်ခဲ့တယ်။ ပါးစပ်ပါ ရွာရောက်မူကို လက်ကိုင်ထား၊ လမ်းမှာမေးမြန်းပြီး အမွန်ပေးတဲ့ လိပ်စာထဲကနေရာကို ခက်ခက်ခဲခဲရောက်အောင်လာခဲ့ရပေမဲ့လည်း ဗညားဆိုတဲ့ လူနဲ့တွေ့ပြီးနောက် ဘာတွေဆက်ဖြစ်ကြမှာလဲ။ ဘယ်လိုရယ်စရာ၊ ရင်ခုန်စရာ အလွဲလေးတွေကို ကြုံတွေ့ရမှာလဲ? ဆရာနီကိုရဲရဲ့ လက်ရာအတိုင်း ဘယ်လိုပေါ့ပေါ့ပါးပါးနဲ့ စွဲလမ်းစရာလေးတွေကို မြင်တွေ့ရမလဲ? ဆိုတာသိရအောင် ဒီအချစ်ဝတ္ထုရှည်လေးကို ကိုယ်တိုင်သာ ဖတ်ကြည့်လိုက်တော့ဗျို့။