နတ်ငယ်

နီကိုရဲ

800 Kyats ကျပ်
ကျွန်တော်တို့ စာအုပ်အငှားဆိုင်တွေမှာ စာအုပ်လေးတွေ ပြေးငှားဖတ်ခဲ့ရတဲ့အချိန်က အသည်းစွဲ ကြိုက်ခဲ့ရတဲ့ စာအုပ်လေးတစ်အုပ်ပေါ့။ ဆရာနီကိုရဲရဲ့ ဝတ္ထုတွေထဲကမှ ဟန်တစ်မျိုးကွဲပြီး ချစ်စရာကောင်းတဲ့ ဇာတ်လမ်းလေး။ စာအုပ်နာမည်က နတ်ငယ်တဲ့။ ရယ်စရာ၊ ပြုံးစရာ၊ ကြည်နူးစရာ၊ ထူးဆန်းအံ့သြစရာ၊ ဝမ်းနည်းစိတ်မကောင်းစရာ၊ စတဲ့ ရသတွေ အပြည့်နဲ့ ဒီဇာတ်လမ်းလေးက လူငယ်ဆန်ဆန် ပေါ့ပေါ့ပါးပါးလို့ ပြောရမှာထက် အတွေးဆန်းဆန်း၊ အရေးသွက်သွက်နဲ့ စာဖတ်သူကို လက်ကမချနိုင်ဖြစ်စေမယ့် ဇာတ်လမ်းမျိုးလေး။ ဆရာနီကိုရဲ ပရိသတ်တွေ ဖတ်ဖူးခဲ့ကြမယ် ထင်ပါတယ်။ စုစုဟန်ဆိုတဲ့ ကောင်မလေးကို ချစ်မိတဲ့ ကောင်းဇော်၊ ချစ်သူဖြစ်တဲ့နေ့မှာပဲ စုစုဟန်က ဗယာကြော်စားချင်တယ်ဆိုလို့ ပြေးဝယ်ပေးရင်း မိုးမိခဲ့တယ်။ ချစ်သူနဲ့ ချိန်းထားတဲ့ ညောင်ပင်အောက်မှာ မိုးသည်းသည်းထဲ ဗယာကြော်ထုပ်လေးကိုင်စောင့်ရင်း ကောင်းဇော်တစ်ယောက် မေ့လဲ၊ လူမမြင်ဘဲ လဲနေရာက အဆုတ်အအေးပတ်ပြီး သေဆုံးသွားခဲ့ရာက နတ်ငယ်လေး ဖြစ်သွားခဲ့တယ်။ အဲဒီနောက် နတ်ငယ်ဘဝနဲ့ ဘယ်လို စခန်းသွားမလဲ၊ ဘယ်လို ပုဂ္ဂိုလ်တွေနဲ့ တွေ့ပြီး ဘယ်လို ရှင်သန်ရပ်တည်ရမလဲ ဆိုတာကိုတော့ …