ရင်ထဲက ဒဏ်ရာ သူသိပါစေ

နန်းထက်

600 Kyats ကျပ်
အချစ်မှာ မျက်စိမရှိဘူး၊ အချိန်အကန့်အသက်မရှိဘူး၊ အဆင့်အတန်းခွဲခြားမှု မရှိဘူး။ ဒါပေမဲ့ နှောင်းချစ်ရသူနဲ့ နှောင်းကတော့ အဆင့်အတန်း ကွဲပြားနေတယ်။ ဘာလို့ဆို နှောင်းနဲ့ နှောင်းအမေက စိုင်းတို့ရဲ့ အိမ်ကြီးမှာ အစေခံဖြစ်နေလို့ပါပဲ။ စိုင်းကလည်း ဆယ်တန်း၊ နှောင်းကလည်း ဆယ်တန်း။ တစ်အိမ်တည်း၊ တစ်ကျောင်းတည်း၊ စာသင်ခန်းတစ်ခန်းတည်းမှာ စာအတူတူ သင်ကြရတယ်လေ။ ဒီလိုနဲ့ အပျိုဖြန်းမလေးရဲ့ ဖူးသစ်စရင်ခုန်သံလေးနဲ့ စိုင်းကို တစ်ဖက်သတ် ချစ်မိသွားတယ်။ ဒါပေမဲ့ နှောင်းရဲ့စိတ်နဂိုအခံက စိတ်အားငယ်တတ်တာကြောင့်လည်း စိုင်းနဲ့ပတ်သက်လာရင် အမြဲတမ်း အားငယ်မိနေတယ်။ ဇာတ်လမ်းလေးကို ဒီလိုစထားပြီး မထင်မှတ်ထားတဲ့ ကြားလူတွေ ဇာတ်လမ်းအချိုးအကွေ့တွေနဲ့ ဘယ်လိုဆွဲဆောင်ထားမလဲဆိုတာ ဖတ်ကြည့်လိုက်နော် !