မခြိမ်းတဲ့မိုး

နတ်ရွာမိုး

800 Kyats ကျပ်
‘အနမ်းနဲ့ပဲ ပွင့်ခဲ့ … ငါ့ရဲ့ နှုတ်ခမ်းနှင်းဆီ၊ ပန်းနုရောင်က မပီ့တပီ … ချစ်သည် …၊ အပြစ်ကို သန့်ပြန့်ပါမှ မွှေးရနံ့ထုံရီ … ရင်ခုန်သည်’ ဆိုတဲ့ ကဗျာလေးနဲ့ စတင်ထားတဲ့ ဆရာနတ်ရွာမိုးရဲ့ လူငယ်ရင်ခုန်သံ အချစ်ဟာသ ဝတ္ထုလေးကို တင်ဆက်လိုက်ပါပြီ။ အဖိုးကိုယ်တိုင် ရက်ပေါင်း နှစ်ဆယ်တိတိ ထိုင်တွက် ထိုင်ရွေးပြီး မှည့်ပေးထားတဲ့ စည်သူမင်းသိန်း ဆိုတဲ့ နာမည်က အတန်းတက် roll call ခေါ်တဲ့ တစ်နေရာပဲ အသုံးတည့်ပြီး ကျန်တဲ့ အချိန်မှာတော့ ဘိတ်သိက်ဆိုတာ နာမည်ရင်းလိုတောင် ဖြစ်နေရတဲ့ စည်သူမင်းသိန်း။ ဘိတ်သိက်ဆရာနဲ့ တူလို့ဆိုပြီး ဘိတ်သိက်ဆိုတဲ့ နာမည်ပြောင် ရထားတာ။ ပေါ့ပေါ့တော့ မတွက်နဲ့ ကိုယ့်ဆရာ။ သူက သူဌေးသားဗျ။ ဥစ္စာပေါ၊ ရုပ်ချော၊ ပညာတတ်၊ နည်းပညာသမား။ စည်သူမင်းသိန်းရဲ့ ဘဝမှာ အရာရာ ပြည့်စုံအောင် မိဘက လိုလေသေးမရှိ ထားခဲ့တာ။ ဘယ်လောက်အထိ လိုလေသေးမရှိ ထားသလဲဆိုရင် အချိန်တန် အရွယ်ရောက်တော့ မိန်းမအတင်းပေးစားလို့ မိဘပေးစားသူကို မယူချင်တဲ့ စည်သူမင်းသိန်းတစ်ယောက် အိမ်ကနေ ထွက်ပြေးပါတော့တယ်။ သူငယ်ချင်းအိမ်မှာ ပုန်းအောင်းနေတဲ့ စည်သူမင်းသိန်းဟာ ဒီဘဝ ဒီအခြေအနေမှာပဲ ရင်ခုန်စရာ၊ ချစ်စရာကောင်းတဲ့ အချစ်ကို ထိပ်တိုက်တိုးပါတော့တယ်။ ဇာတ်လမ်းလေးက စိတ်ဝင်စားစရာနော်။ ရယ်လည်း ရယ်ရ၊ ချစ်စရာလည်းကောင်း ဆိုတော့ ကိုယ့်ဆရာတို့ သဘောတွေ့ဦးမှာ သေချာပါတယ်။