နဂါးငွေ့တန်းရဲ့ ပန်းပုံပြင်

နတ်ရွာမိုး

800 Kyats ကျပ်
အစိမ်းရောင်ပေါင်း မြောက်မြားစွာ ကြွယ်ဝသည့် ဖြိုးဖြိုးမောက်မောက် မြင်ကွင်းကြီး မှန်ပြတင်းထဲ ဘွားခနဲ ဝင်လာသည်။ မြင်မြင်ချင်း မင်သက်မိရင်း … ဒါ အစိမ်းရောင်အစစ်တွေ … သဘာဝတရားကြီးက မွေးဖွားဖြစ်တည်လာတဲ့ … အစိမ်းရောင်အစစ်တွေ ဟူသောအသိ ဝင်လာသည်နှင့် သူမရင်သည် ညွတ်ညွတ်နူးနူး ဖိုလှိုက်လာသည်။ တရိပ်ရိပ်ပြေးရင်း အနီးအဝေး ချာလပတ်လည်၍ လိုက်ပါနေသော အစိမ်းနု အစိမ်းရင့် အစိမ်းပုပ်ပုပ်၊ သဘာဝတရားကြီး၏ စုတ်တံနှင့် ခြယ်မှုန်းထားသော သက်ရှိ အစိမ်းပင်လယ် မြင်ကွင်းကျယ်ကြီးကို တအံ့တသြ ငေးမောမဆုံး ဖြစ်လာနေ၏။ မှန်ပြတင်းကို တစ်ပိုင်းတစ်စ လာကွယ်သလို ဖြစ်နေသော မီးခိုးရောင် နေကာလိုက်ကာစကိုပင် ခုံလက်ရန်းရှိ ခလုတ်နှိပ်၍ တွန်းဖယ်ပစ်လိုက်မိသည်အထိ ဖြစ်ရသည်။ မြင်ကွင်းစိမ်းကြီး တရိပ်ရိပ်ကို ငေးရင်း …