လူပျိုကြီးတော့ဖြစ်ချင်ဘူး

နတ်ရွာမိုး

800 Kyats ကျပ်
ဒီစာအုပ်ကတော့ အားလုံးနဲ့လည်း ရင်းနှီးပြီးဖြစ်တဲ့ စာရေးဆရာ နတ်ရွာမိုးရဲ့ လက်ရာပေါ့ဗျာ။ လူငယ်ဆန်ဆန် ဇာတ်လမ်းကို ကြိုက်တယ် ၊ ဖတ်ရတာ သွက်သွက်လက်လက် ရှိမယ့် အရေးအသားမျိုးကို ကြိုက်တယ် ၊ ပေါ့ပေါ့ပါးပါးပဲ ဖတ်ချင်တယ်ဆိုရင်တော့ ‘လူပျိုကြီးတော့ မဖြစ်ချင်ဘူး’ ဝတ္ထုက ရွေးချယ်ဖို့ အသင့်တော်ဆုံးပါပဲ။ ‘ချစ်တယ်’ ဆိုတဲ့ စကားတစ်ခွန်း နှုတ်ဖျားက ထွက်ပေါ်လာဖို့ဆိုတာ လက်ဖျစ်တစ်တွတ်တီးရုံ၊ စက္ကန့် တစ်ခုန်နှစ်ခုန်စာလောက်ပဲ ကြာတာ၊ ကျုပ်ပြောမယ် ဆိုကာမှပဲ အနှစ်သုံးဆယ်လောက် ကြာသွားတယ် .. တဲ့။ ‘နွေဦးမောင်’ ရဲ့ ချစ်ရေးချစ်ရာက ဘယ်လိုတောင် အလွဲလွဲအချော်ချော်တွေ ရှိမလဲဆိုတာကတော့ ဝတ္ထုစာမျက်နှာထက်မှာ ဖတ်ရှု ခံစားကြည့်ပါဦးဗျာ။ ဖတ်တိုင်းကို ရယ်နေရမှာမို့ စာချစ်သူတွေကို ညွှန်းလိုက်တာပဲ ဖြစ်ပါတယ်နော့။