တစ်ခွန်းစကား

နတ်ရွာမိုး

800 Kyats ကျပ်
"မသိပါဘူးကွာ၊ ငါက ကရင်ဆိုတော့ ကရင်ပီပီပဲ ပြောတတ်တယ်၊ ငါတို့ ယူလိုက်ကြရအောင်” တကယ်ကို လက်ဖျားခါလောက်တဲ့ စကား … ရည်းစားစကားလည်း မပြောဘူး။ ဒဲ့လွှတ်တာ။ ခိုင်မြဲက အဲဒီလိုလူမျိုး။ အချစ်ရေးနဲ့ ပတ်သက်ရင် သိပ်မကြွယ်ဘူး ပြောရမလားပဲ။ ကျန်တဲ့နေရာမှာတော့ ဦးနှောက်ကောင်းတယ်။ ရင့်ကျက်တယ်။ ဖြောင့်မတ်တယ်။ အရင်ရည်းစား ကြည်ဖြူက နောက်ဘဲခိုးထားတာလည်းသိရော အေးဆေးပဲ ခပ်ခွာခွာနေလိုက်တယ်။ မျက်နှာပြောင်တိုက်ပြီး အကူအညီတောင်းတာတောင် ကူညီပေးလိုက်လို့ ဆေးရုံရောက်သွားသေးတယ်