နတ်ရွာမိုး

နတ်ဖက်ဖူးစာနတ်ဖွက်ခံရခြင်း

800 Kyats ကျပ်
❤ သူမနာမည်က ထူးနွဲ့ရီ။ အသားအရည်ဝင်းပြီး လှပလို့ ဘယ်နေရာရောက်ရောက် ပုရိသတွေရဲ့ အကြည့်ကို သိမ်းပိုက်နိုင်သူ။ သူတို့မိသားစုက အေးချမ်းတယ်။ စည်းလုံးတယ်။ သူ့ဆီမှာ ဉာဏ်ရည်ဖွံ့ဖြိုးမှုနှေးတဲ့ မောင်လေးတစ်ယောက်ရှိလို့ ဂရုစိုက်ကြရတယ်။ ပြီးတော့ အဖွားတစ်ယောက်ရှိတယ်။ အဖွားကိုဂရုစိုက်ဖို့အတွက် မိသားစုဆရာဝန်လေး ငှားထားရတယ်။ တစ်ရပ်ကွက်လုံးက ထူးနွဲ့ရီကို စိတ်ဝင်စားကြပေမယ့် ဆရာဝန်လေးကတော့ စိတ်ဝင်စားပုံမပြ။ ဒါပေမယ့် ရင်ထဲတော့ ရှိတာပါ့။ ထူးနွဲ့ရီလည်း ဆရာဝန်လေးလိုပါပဲ .... ❤ စာအုပ်ကလေး မိသားစုဘဝတွေရဲ့ နွေးထွေးမှုနဲ့ လူတစ်ယောက်ပေါ် တစ်ယောက်ချစ်ခြင်းတွေကို အသားပေး ဖော်ပြတယ်လို့ ဆိုလို့ရတယ်။ ဆရာဝန်လေးနဲ့ ထူးနွဲ့ရီတို့ ချစ်သူတွေဖြစ်သွားကြမလား၊ ကံကြမ္မာအလှည့်အပြောင်းတွေကရော သူတို့တွေကို ဘယ်လောက်အထိ ရိုက်ခတ်စေမလဲ ဆိုတာကတော့ ဝတ္ထုထဲမှာ ဆက်လက် ဖတ်ရှုကြည့်ပါဦးဗျ။