အမှောင်ရှင်သန်ခြင်းနတ်ဘုရား

ဒျန်း

400 Kyats ကျပ်
...စိမ်းစိုသည့် မြက်နုများက ထိုသို့ ကခုန်နေသည်ကို ကြည့်ရင်း စိတ်အစုံကိုအေးချမ်းစွာ ထားပြီး အနားယူနေသည့် ကလေးငယ်တစ်ယောက်၌ မည့်သည့် အလိုလောဘမှ မရှိပေ ... "ဆွင့်အန့်ရို ... ဆွင့်အန့်ရို ... " အဝေးတစ်နေရာ လေထုထဲမှ စကားသံသည် မြက်ခင်းလွင်ပြင်ကြီးကို ကျော်ဖြတ်လာခဲ့သည် ... "အမေ ... သားဒီမှာ ... " သူ၏မိခင်အသံကို ကြားသည်နှင့် ကပိုကရို ပြေးလာခဲ့သော ကလေးငယ်သည် ရောက်သည်နှင့် မိခင်၏ပြုံးရယ်ကာ ဆန့်တန်းထားသော လက်နှစ်ဖက်ကြားကို တိုးဝင်လိုက်သည် ... ကလေးငယ်၏ နာမည်က ဆွင့်အန့်ရို ဖြစ်သည် ... "အမေ ဘာလို့သားကို အစောကြီး လာခေါ်တာလဲ" ဆွင့်အန့်ရိုက သူ၏အမေကို ဖက်ကာမေးသည် ... "သားကို သတိရလို့ပေါ့ ... အဖေကြီးလည်း ရောက်နေပြီလေ" သူမက ဆွင့်အန့်ရို၏ ပါးကိုအသာနမ်းရှုံ့ကာ ပွေ့ချီသွားခဲ့သည် ...