The Destroyer စာစဉ်-၁၃

ဒျန်း(ဇိုင်ယန်)

500 Kyats ကျပ်
စာမြည်း ✅ “ဘန့်ဧကရာဇ်က ခွေးမိုက်တစ်ထောင်ကို မွေးထားမိတာပဲ” မူဒေါင်းနိုက ရှောင်းအိုနှင့်သူ၏ စစ်တပ်ကို ဆိုလိုခြင်းဖြစ်သည်။ “ဒါက မင်းဆုံးဖြတ်ချက်ဆိုရင် ဘန့်ပြည်နယ် သစ္စာဖောက်တစ်ယောက်အဖြစ် သေပေတော့” “အကုန်သတ်” မူဒေါင်းနိုနှင့် ယွင်ကားဟိုတို့က သူတို့၏ ကိုယ်ပိုင်စစ်တပ်များကို အမိန့်ပေးလိုက်ကြသည်။ ဇောင်ပြည်နယ်၏စစ်တပ်နှင့် ခမ်းပြည်နယ်၏ စစ်တပ်တို့က အကြီးအကျယ် ရုန်းကြွလာခဲ့ကြ၏။ သူတို့တွေက ရှောင်းအိုနှင့် သူ၏စစ်တပ်တွေအပေါ်မှာ အကြောက်အလန့်မရှိ တိုးဝင်လာခဲ့ကြသည်။ မူဒေါင်းနိုနှင့် ယွင်ကားဟိုတို့ဉီးဆောင်သော ထိန်းချုပ်သူမဟာခန်းဝင် အဆင့်များက သူတို့၏ ကိုယ်ပိုင်အရှိန်အဝါများကို ထုတ်ဖော်ကာ ရှောင်းအိုထံ ဉီးတည်တိုက်ခိုက်လိုက်ကြ၏။ “ယန်အာ” ရှောင်းအိုက ဇိုင်ယန်အား တစ်ချက် သေသေချာချာကြည့်လိုက်၏။ “အသက်ရှင်ပြီး ငါ့အတွက် လက်စားချေစမ်း”