သစ္စာရွှေရည်

ဒဂုန်ရွှေမျှား

900 Kyats ကျပ်
မေတ္တာဓာတ်ဆိုတဲ့ အချစ်ဆေးဟာ အနောက်တိုင်းက လာတဲ့ ဆေးဝါးတွေထက် အစွမ်းထက်သတဲ့။ သြသဓလို့ခေါ်တဲ့ နတ်ဆေးလို ထူးကဲသတဲ့။ မေတ္တာနဲ့ သစ္စာ ပေါင်းစပ်ထားတဲ့ အချစ်ဆေးကြောင့် လူတစ်ယောက်ရဲ့ ဘဝဟာ နလံထူလာနိုင်ပါတယ်။ မမာတဲ့ ခန္ဓာ၊ နာနေတဲ့ အသည်းကို ကုသပေးနိုင်တဲ့ ဆေးစွမ်းကောင်းတစ်လက်လို့ ကျွန်တော်တော့ ဆိုချင်ပါတယ်ခင်ဗျ။ ဒီဇာတ်လမ်းက အချစ်ကို နောက်ခံထားပြီး စွန့်စားခန်းတွေ၊ ရတနာသိုက် ရှာပုံတော်တွေ၊ လူ့ဘဝ သရုပ်ဖော် အဖြစ်အပျက်တွေကို သိုင်းသိုင်းဝန်းဝန်း ရက်ယှက်ပြီး ဖန်တီးထားတဲ့ ဝတ္ထုရှည်တစ်ပုဒ် ဖြစ်ပါတယ်။ တနင်္သာရီတိုင်းရဲ့ နယ်စပ်ဒေသ တောနက်ကြီးထဲ ရွှေသိုက်လာရှာတဲ့ ညီအစ်ကို နှစ်ယောက်ရဲ့ စွန့်စားခန်းတွေနဲ့ ဖွင့်လှစ်ထားတဲ့ ဒီဇာတ်လမ်းက စိတ်ဝင်စားစရာပါပဲ။ တောတောင်ထဲ ကြမ်းကြမ်းတမ်းတမ်း ပင်ပင်ပန်းပန်း စွန့်စားခဲ့ကြတဲ့ ညီအစ်ကို နှစ်ယောက်မှာ သူတို့အလိုရှိတဲ့ ရွှေတွေကိုလည်းရရော၊ အစ်ကိုဖြစ်သူဟာ ပင်ပန်းလွန်းတဲ့ဒဏ်တွေကြောင့် ငှက်ဖျားမိပြီး အသက်ဆုံးသွားခဲ့သတဲ့။ ဒီကနေစပြီး ရွှေထုပ်ကြီးနဲ့ လူတစ်ယောက်ရဲ့ ဘဝခရီး တစ်နည်းတစ်လမ်း အစပျိုးခဲ့ပြန်ပါတော့တယ်။