အဏ္ဏဝါရေအောက်ခရီး

ဒဂုန်ရွှေမျှား

900 Kyats ကျပ်
ဒီဝတ္ထုကို ရေးသားရာမှာ ဂျူးလ်(စ်)ဗန်းက သုံးနှစ်လောက် အချိန်ယူပြီး ရေးသားခဲ့ရပါတယ်။ ဒီစာအုပ်ရဲ့ စိတ်ဝင်စားစရာအချက်တွေထဲက တစ်ချက်ကိုထောက်ပြပါဆိုရင် စာအုပ်ရေးသားနေတုန်းအချိန်က ရေငုပ်သင်္ဘောဆိုတာတောင် မပေါ်သေးပါဘူး။ ဒါပေမဲ့ နောင်အခါမှာ ရေငုပ်သင်္ဘောတွေက ဒီစာအုပ်ထဲကအတိုင်း အတိအကျ ပေါ်ပေါက်လာတဲ့အထိ အံ့သြဖို့ကောင်းပါတယ်။ တခြား ရေအောက်ထဲက စိတ်ဝင်စားစရာအကြောင်းတွေကတော့ ပြောမပြတတ်အောင်ပဲပေါ့။ သိပ္ပံနဲ့ လက်နက်ထူး၊ လက်နက်ဆန်း၊ အကြံထူး အကြံဆန်းတွေကို စာမျက်နှာထက်မှာ အကောင်းဆုံးဖော်ပြတတ်တဲ့ ဆရာကြီးရဲ့လက်ရာကတော့ ဖတ်ကြည့်သင့်တဲ့ စာအုပ်ပါပဲလို့ဆိုရင်း။