ချည်

ထက်မြတ်နိုင်ဇင်

1000 Kyats ကျပ်
ခွန်းဒ၊ မူရာနဲ့ ငုတို့ရဲ့ သုံးပွင့်ဆိုင် ချစ်ခြင်းမေတ္တာဖွဲ့ ဇာတ်လမ်းလေးမှာ ကရင်နီတိုင်းရင်းသားတို့ရဲ့ ချစ်စရာ ရိုးရာဓလေ့လေးနဲ့ ပေါင်းစပ်ရက်ဖွဲ့ထားတဲ့ ဇာတ်လမ်းလေး။ ရုပ်ရှင်အနေနဲ့ ပြသခဲ့ပြီးပြီမို့ ဇာတ်လမ်း သိပြီးသားပဲ၊ ဝတ္ထုက စိတ်ဝင်စားစရာကောင်းမှာ မဟုတ်ပါဘူးလို့ တွေးထင်မိရင် တွေးမိတဲ့အတွေးလေးကို ဖျောက်ပစ်လိုက်ပါလို့ ပြောပါရစေ။ ရုပ်ရှင်ဆိုတာ ပြသရတဲ့အချိန် ကန့်သတ်ချက်တွေရှိတာမို့ စာရေးသူတင်ပြချင်တဲ့ ဇာတ်ကွက် အကြောင်းအရာ အားလုံးကို မထည့်သွင်းလိုက်နိုင်ဘဲ ကျန်ရစ်ခဲ့ရတဲ့ အခန်းလေးတွေကို ဝတ္ထုစာအုပ်လေးထဲမှာ ပြည့်ပြည့်ဝဝ ခံစားကြရမှာမို့ပါ။ အချစ်နဲ့စစ်မှာ မတရားတာ မရှိဘူးဆိုပေမဲ့ ကိုယ့်ရဲ့တစ်ကိုယ်တည်းရယူလိုမှု အတ္တအတွက်နဲ့ ရူးရူးမိုက်မိုက် ဇွတ်အတင်း လုပ်ဆောင်နေမယ်ဆိုရင် အဲဒီအချစ်တွေ၊ စစ်ပွဲတွေဟာ တရားပါ့မလားဆိုတာ ... ။