မဖဲဝါကို ကိုက်တဲ့မိကျောင်း

တာတေ

500 Kyats ကျပ်
>> ဒီတစ်ခါတော့ တာတေတို့နယ်ချဲ့ပြီပေါ့။ သူ့ရွာဖြစ်တဲ့ ထနောင်းကုန်းမှာ မဟုတ်တော့ဘူး။ မြစ်ဝကျွန်းပေါ်ဒေသအထိသွားပြီး စပ်စုတော့တာပဲ။ သူမြစ်ဝကျွန်းပေါ် ရောက်သွားတာကလည်း တစ်နှစ်တစ်ခါ ငါးပိသွားဝယ်တတ်တဲ့ ကိုဆိတ်ဖွားနဲ့ လိုက်သွားလို့ပါ။ သူတို့တည်းခိုမယ့် ရွာရောက်တာနဲ့ တာတေတစ်ယောက် သူစပ်စုလို့ရတာတွေ တွေ့ရတော့ အပျော်ကြီးပျော်တာပေါ့။ အဲဒါကဘာလည်းဆိုတော့ နတ်မိကျောင်းတစ်ကောင် လူတွေကိုသတ်စားနေလို့တဲ့လေ။ >> ရောက်ရောက်ချင်းဆိုသလို တာတေတစ်ယောက်ပျော်တာ မဆန်းပါဘူး။ နတ်မိကျောင်းက လူတွေကို သတ်စားရုံတင်မကဘူး သင်္ချိုင်းမှာမြှုပ်ထားတဲ့ အလောင်းတွေကိုပါ ဖော်စားနေတာ။ သင်္ချိုင်းဆိုတော့ မဖဲဝါနဲ့ဆိုင်သွားပြီပေါ့။ ဒီတော့ နတ်မိကျောင်းနဲ့ မဖဲဝါရဲ့တိုက်ပွဲ၊ ဦးရှင်ကြီးရဲ့သမိုင်းကြောင်းတွေ၊ လူတိုင်းစိတ်ဝင်စားကြတဲ့ မိန်းမလှကျွန်းအကြောင်းတွေနဲ့ တပွဲစားတွေအကြောင်းကို ဒီစာအုပ်ထဲမှာ တွေ့ရမှာပါ။ တာတေပရိသတ်ကြီးတို့ လုံးဝ လက်မလွှတ်တမ်း ဖတ်လိုက်တော့နော်!