မျှော်လင့်ခြင်း ကမ္ဘာငယ်

ညီလေးငယ်

200 Kyats ကျပ်
မိဘတွေရဲ့ မျှော်လင့်ခြင်းဟာ သိပ်ကို ခမ်းနားတဲ့ မေတ္တာမျှော်လင့်ချက်တစ်မျိုးပါပဲ။ ကိုယ့်ရဲ့ ဘဝနေဝင်ချိန်တွေမှာ ကိုယ်မွေးထားတဲ့ သားသမီးတွေရဲ့ သိတတ်မှု၊ ကျေးဇူးဆပ်မှု၊ ဂရုစိုက်မှုကို မိဘတိုင်း လိုချင်ကြတယ်ဆိုပေမဲ့ တကယ်တမ်းမှာတော့ အဲဒီတုံ့ပြန်မှုကို မိဘတိုင်း မရကြရှာပါဘူး။ ကံကောင်းတဲ့ မိဘတချို့သာ ဒီအခွင့်ထူးကို ခံစားကြရတာပါ။ ဒီဇာတ်လမ်းလေးထဲက မိဘနှစ်ပါးနဲ့ သားလေးတစ်ယောက်အကြောင်းကို ကျွန်တော် ဖတ်ကြည့်ရင်း ရင်ထဲ ဆို့ဆို့နင့်နင့် ဖြစ်သွားမိတယ်။ မိဘတွေကို သတိရမိတယ်။ မိဘကို ကျေးဇူးဆပ်ချင်စိတ်တွေ ပိုပြီး ဖြစ်လာမိတယ်။ တကယ်လို့များ မိတ်ဆွေ။ သင့်မှာ မိဘတွေ ရှိနေသေးရင်၊ မိဘကျေးဇူးကို မဆပ်ရသေးရင်၊ မိဘကို ပစ်ထားခဲ့မိရင်၊ ဒီဇာတ်လမ်းလေးကို ဖတ်ကြည့်ပါ။ ဖတ်ဖြစ်အောင် ဖတ်ကြည့်ဖို့ ကျွန်တော် တိုက်တွန်းပါရစေ။