ညီ

ဇူး

800 Kyats ကျပ်
ဒီဝတ္ထုက ရှေးရေစက်လို့ပဲပြောရမလား၊ သစ္စာကြောင့်လို့ပဲဆိုရမလား စိတ်ဝင်စားဖို့တော့ တော်တော်ကောင်းတာဗျ။ မင်းဘုန်းခန့်၊ ပြည့်ဖြိုး၊ မိုးယံ၊ အံ့ထူး ဆိုတဲ့ သူငယ်ချင်းသုံးယောက်က အရမ်းသံယောဇဉ်ရှိတဲ့ ငပြောင်လေးတွေ။ မင်းဘုန်းခန့်က ကြောင်မလေးတစ်ကောင်ပါတဲ့ အိပ်မက်တစ်ခုကို အမြဲမက်လေ့ရှိတယ်။ အဲဒီလိုပဲ ထူးဆန်းတဲ့ အိပ်မက်တစ်ခုကို အမြဲမက်လေ့ရှိသူက မင်းဘုန်းခန့်တို့ သွားနေတဲ့ အဆောင်ပိုင်ရှင်ရဲ့ မောင်လေး စွမ်းထက်။ စွမ်းထက်အိပ်မက်ထဲမှာ မင်းဘုန်းခန့်နဲ့ ပြည့်ဖြိုးပါနေတယ်တဲ့။ သူ့အိပ်မက်က လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ထောင်ကျော်က ရိုးရာဝတ်စုံနဲ့ မိန်းကလေးတစ်ဦးရယ်၊ မင်းသားတစ်ဦးရယ်အကြောင်းပါ။ ထူးဆန်းတာက မင်းသားက မင်းဘုန်းခန့်ဖြစ်နေတယ်။ နောက်ပြီး စွမ်းထက်ရဲ့ အစ်မဖြစ်သူမှာကလည်း ထူးဆန်းတဲ့ လျှို့ဝှက်ချက်တွေ ရှိနေပြန်တယ်။ ဘုန်းခန့်အိပ်မက်ထဲက ကြောင်လေးနဲ့တူတဲ့ စွမ်းထက်၊ စွမ်းထက် အိပ်မက်ထဲက ဘုန်းခန့် သူတို့နှစ်ယောက်ရဲ့ အတိတ်ဘဝနဲ့ လက်ရှိဘဝက ဘယ်လိုဆက်နွယ်မှုတွေ ရှိနေမှာလဲဆိုတာ… ဝတ္ထုထဲမှာ စိတ်ဝင်တစားမြင်တွေ့ခံစားရမှာပါ။