မြနန်းစံတော်

ဆူးခတ်ပန်း

1000 Kyats ကျပ်
>> မြနန်းစံတော်က ထူးခြားမှုတွေနဲ့ ပြည့်နှက်နေတဲ့ စံအိမ်ကြီး။ အဖြေရှာမရတဲ့လူသေမှုတွေ အများကြီးဖြစ်ခဲ့တဲ့ စံအိမ်။ အဲဒီစံအိမ်နာမည်က လူတစ်ယောက်ကို အစွဲပြုပြီးပေးခဲ့တာတဲ့။ ဘွားနွံပြောတာတော့ “တကယ်တော့ မြနန်းစံက အင်မတန် လှပသလောက် စိတ်သဘောထား အလွန်ဖြူစင်တဲ့ မိန်းကလေးပါ။ ဒါပေမဲ့ သူတို့တွေက မြနန်းစံတော်ရဲ့ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေခဲ့တယ် နှစ်ပေါင်းများစွာ မြနန်းစံတော်မှာ မကောင်းမှုတွေကို လွှမ်းခြုံစေခဲ့တယ် ဆိုးညစ်တဲ့ ဝိညာဉ်ဆိုးတွေနဲ့ မြနန်းစံတော်ဟာ အမှောင်ထဲက ရုန်းမထွက် နိုင်တော့ဘူး”တဲ့။ >> အဲဒီစံအိမ်က ကလေးနှစ်ယောက်ကို စာသင်ပေးဖို့ အကြောင်းဖန်လာတာက အက္ခရာမေ။ သူက သူ့မောင်လေး ရှားထက်သာ မျက်စိပြန်မြင်ရဖို့အတွက် ယမ်းစက်ရှင် နဲ့ သဘောတူညီပြီး မြနန်းစံတော် ထဲကို ဝင်လာခဲ့တာ။ ယမ်းစက်ရှင်ရဲ့ ညီမ နှင်းဆီဆူးကလည်း မြနန်းစံတော်မှာ အလုပ်ဝင်ပြီး ထူးထူးဆန်းဆန်း ပျောက်ဆုံးသွားခဲ့တာ။ မြနန်းစံတော်ရဲ့ အစေခံတွေ အက္ခရာကို ပြောတာက သခင်လေး စဝ်ခွန်မင်းဆက်နဲ့ ခပ်ဝေးဝေးနေပါတဲ့။ သူနဲ့ ပတ်သက်မိသူတိုင်းက အသေဆိုးနဲ့သေရတာတဲ့။ အက္ခရာစာသင်ပေးမယ့် ကလေးလေးနှစ်ယောက်ကလည်း အက္ခရာကိုပြောတာက ဆရာမကိုချစ်တယ်။ ဒါကြောင့် အိမ်ပြန်ပါတဲ့။ >> ဥပဒေမရှိဘဲ စံအိမ်ကချမှတ်ထားတဲ့ စည်းကမ်းသာရှိတဲ့ မြနန်းစံတော်၊ အကြောင်းသိပြီး ထွက်ပြေးတဲ့လူတိုင်း တစ်နည်းမဟုတ်တစ်နည်း အသေဆိုးနဲ့သေရတဲ့ စံအိမ်၊ စံအိမ်အကြောင်းပြန်ပြောရင်လည်း ကံ့ကြမ္မာဆိုး ကြုံရပြန်တယ်တဲ့။ ဒီလို စံအိမ်ကြီးနဲ့ နောက်ကွယ်က ရင်ထိတ်စရာတွေ၊ ဆန်းကြယ်မှုတွေ၊ သစ္စာတရား၊ မေတ္တာတရားတွေ၊ ဝဋ်ကြွေးတွေ၊ ကျိန်စာတွေ၊ အနှိုင်းမဲ့ချစ်ခြင်းတရားတွေကို ဒီဝတ္ထုရှည်ကြီးထဲမှာ တအံ့တဩမြင်တွေ့ခံစားရမှာပါ။