မျက်နက်ဝန်းရဲ့ မေတ္တာတံချူ

ဆုမြတ်မွန်မွန်

800 Kyats ကျပ်
❤ ဘယ်လိုချစ်မိသွားတာလဲ ဆိုတဲ့အဖြေကို လူတော်တော်များများ ဖြေဖို့ခက်ခဲကြပါတယ်။ မြင်မြင်ချင်း ချစ်မိသွားတာ၊ သူ့ပုံစံကဘယ်လိုလေးမို့ ချစ်မိတာဆိုတာမျိုး ပြန်ဖြေလေ့ရှိကြပေမယ့် တကယ့်အဖြေကိုတော့ ရေရေရာရာမသိကြပါဘူး။ အခုလည်း ရုပ်ကလေးချောသလောက် အီစီကလီပေါတဲ့ ‘သားဇော်’။ မန္တလေးသူ ပီပီ သနပ်ခါးဘဲကြားနဲ့ ခပ်တည်တည်နေတတ်တဲ့ ‘မြတ်မြတ်’ သူတို့နှစ်ယောက် မိဘတွေလုပ်ငန်းကြောင့်သာ အလုပ်အတူတူ တွဲလုပ်နေရတာ သိပ်တော့နီးစပ်မှုမရှိဘူး။ ဒါပေမဲ့၊ အတူတွဲပြီး နေလာတာကြာတဲ့အခါမှာ အိုးချင်းထား အိုးကြီးထိဆိုသလို နှလုံးသားချင်းငြိပြီး အချစ်တွေ ဘယ်လို ပေါက်ဖွားလာမလဲ ဆိုတော့ ... ။