ချစ်ခြင်း၏ ဟန်ဆောင်ခြင်း အတတ်ပညာ

ဆုမြတ်မွန်မွန်

800 Kyats ကျပ်
>>> စာဖတ်ချစ်သူတို့ရဲ့ သူငယ်ချင်းတွေကြားထဲမှာ အမြဲတမ်း နမော်နမဲနိုင်သူ တစ်ယောက်တော့ ရှိကြတယ်မှတ်လား။ ဘာပဲလုပ်လုပ် အနည်းဆုံး တစ်ခုတစ်လေတော့ လွဲချော်တဲ့သူ၊ နမော်နမဲ့နဲ့ တစ်ရက်ကို တစ်ခါလောက်မှ မလွဲရရင် မနေနိုင်အောင်ကို လွဲလွဲလေးပဲ ကောင်းပါတယ်ဆိုသူတွေပေါ့။ >>> အခု ‘ခေတ်’ ဆိုတဲ့ကောင်မလေးကလည်း ရုပ်ကလေးချောပြီး ချစ်စရာကောင်းသလောက် နမော်နမဲ့နိုင်တယ်။ ဒါပေမဲ့၊ အဲဒီအကျင့်ကြောင့်ပဲ ‘သုစင်ကြယ်’ ဆိုတဲ့ ကောင်လေးနဲ့ဆုံစည်းခဲ့တာ။ ‘သုစင်ကြယ်’ ကတော့ ဘယ်လိုနေမှန်းမသိ၊ ‘ခေတ်’ ကတော့ သူ့ကိုစွဲလမ်းမိသွားတယ်။ အဲဒီတော့ လူငယ်တွေရဲ့ ထုံးစံအတိုင်း ကိုယ်စိတ်ဝင်စားတဲ့သူအကြောင်း သိရအောင် ဘယ်လိုစုံစမ်းကြမလဲ၊ ဘယ်လိုတွေချစ်ကြမလဲ၊ ဘာတွေဖြစ်ကြမလဲ ဆိုတာ ဝတ္ထုထဲမှာ ဖတ်ကြည့်လိုက်တော့နော် !