မာနစုတ်ချက်

ဆုလေးနွယ်(ရန်ကုန်တက္ကသိုလ်)

800 Kyats ကျပ်
ပိုင်ည နဲ့ ကြယ်ဖြူ ဆုံဖြစ်တာက ဆန်းတယ်။။ ပိုင်ညရဲ့ ရည်းစား ပန်းရွှေကြာနဲ့ ကြယ်ဖြူရဲ့ ရည်းစား နေရှင်တို့ ရည်းစားဖြစ်သွားလို့ ဆုံဖြစ်ကြတာ။ ကြယ်ဖြူက ဆတ်ဆတ်ထိမခံအကျင့်ရှိလို့ နေရှင်နဲ့ ပန်းရွှေကြာကို ပြဿနာရှာဖို့ ကြိုးစားတဲ့အချိန် ပိုင်ညက ဝင်တားခဲ့တယ်။ နောက်ပိုင်း သူတို့နှစ်ယောက် ခံစားချက်တူတဲ့လူချင်း၊ ဘဝတူချင်း ဖြစ်တာကြောင့် ရင်းနှီးသွားကြတယ်ပေါ့။ သူတို့နှစ်ယောက် နီးစပ်လာပုံလေးတွေကလည်း ဖတ်နေရင်းတကယ်ကိုကြည်နူးရပါတယ်။ နောက်တော့ နေရှင်နဲ့ ပန်းရွှေကြာလက်ထပ်မယ့် သတင်းကိုကြားတော့ ပိုင်ညနဲ့ ကြယ်ဖြူလည်း မာနကို ရှေ့တန်းတင်ပြီး ကောက်ကာငင်ကာ အိမ်ထောင်ပြုလိုက်တဲ့အခါ… မာနတစ်ခုကြောင့် စတင်ခဲ့တဲ့အိမ်ထောင်ရေးမှာ အချစ်တွေက လွယ်လွယ်ပေါက်ဖွားလာနိုင်ပါ့မလားဆိုတာ ဝတ္ထုထဲမှာ ခံစားကြည့်ကြပါဦး။