သက်တန့်ရောင်စဉ်

ဆုထူးပန်

800 Kyats ကျပ်
ဒီဝတ္ထုကတော့ နာမည်အတိုင်းပဲ 'သက်တန့်ရောင်' နဲ့ 'ရောင်စဉ်လင်း' ဆိုတဲ့ ကောင်လေးနှစ်ယောက်ကြားက ချစ်ခြင်းအကြောင်းကို ရေးသားခြယ်မှုန်းထားတာပါ။ 'သက်တန့်ရောင်' က ရွာမှာ နာမည်ကြီး။ ချောမောပြီး ချစ်စရာကောင်းလို့ ကွမ်းတောင်ကိုင်ရာထူးကို ယောက်ျားလေးဖြစ်လျက်နဲ့ ရထားသူပေါ့။ နောက်တစ်ယောက်က မြို့ကြီးသားလေး ရောင်စဉ်လင်း။ သူက သူဌေးသားပေမဲ့ စိတ်ထားကောင်းလို့ အလုပ်သမားတိုင်းက ချစ်ကြတယ်။ သူဟာ သူ့အိမ်က အလုပ်သမားကောင်လေး ရွာပြန်တုန်း လိုက်သွားရာကနေ သက်တန့်ကို စတွေ့ခဲ့တာ။ တွေ့တွေ့ချင်းပဲ ချစ်စရာကောင်လေးကို ရောင်စဉ် ငေးမောမိသွားတယ်။ ဒီတော့နောက်ပိုင်းမှာ မြို့ကြီးသားရောင်စဉ်နဲ့ သက်တန့်လေးတို့ရဲ့ကြား ဘယ်လို အသည်းယားစရာတွေ ဆက်ဖြစ်လာမှာလဲဆိုတာ ဝတ္ထုထဲမှာ ရင်ခုန်စွာနဲ့ ဖတ်ရှုရမှာပါ။