မြောက်ဖျားကအလွမ်းရာသီ

စံပယ်ဖြူနု

1000 Kyats ကျပ်
ပထမဆုံး လုံးချင်းဝတ္ထုရှည်ဖြစ်တဲ့ ဒီစာအုပ်ဟာ ၂၀၁၄ ခုနှစ်အတွက် အမျိုးသားစာပေဆု ( ဝတ္ထုရှည် ) ကို ထိုက်ထိုက်တန်တန် ဆွတ်ခူးခဲ့တဲ့ ဝတ္ထုရှည်လက်ရာတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ ပြည်တွင်းစစ်ကြောင့် ဒေသခံတွေရဲ့ စစ်ဘေးဒုက္ခ ခံစားရမှု အဖြစ်အပျက်တွေကို နောက်ခံထားထားတဲ့ ပုံရိပ်ဟာ စာရေးသူရဲ့ ဇာတိမြေဖြစ်တဲ့ ကချင်ပြည်နယ်တင်မကဘဲ အခြားအခြားသော စစ်ဖြစ်နေတဲ့ နေရာတွေနဲ့ စစ်ရဲ့ အနိဋ္ဌာရုံကို ရင်နင့် နာကျည်းစွာ မြင်ယောင်လာစေတယ်။ လှပအေးချမ်းတဲ့ ဒေသတွေမှာ ပြည်တွင်းစစ်တွေ ဖြစ်ကြတယ်။ စစ်ရဲ့ ဒုက္ခကိုခံရသူ မြေဇာပင်တွေက ပြည်သူတွေ။ ဒီလို အခြေအနေကြားထဲက ညီအစ်မနှစ်ယောက်ရဲ့ ဆက်ဆံရေး၊ သားအဖနှစ်ယောက်ရဲ့ ဆက်ဆံရေး၊ ဒုက္ခသည်းစခန်းကို ရောက်နေတဲ့ ညီမလေး၊ အစ်မတစ်ယောက်အနေနဲ့ ဖအေတူ အမေကွဲ ညီမပေါ်မှာထားတဲ့ မေတ္တာတရား စတဲ့ ပုံရိပ်တွေဟာ စိတ်အာရုံမှာ တလွင့်လွင့်နဲ့ စာဖတ်သူရဲ့ စိတ်ဝိညာဉ်ကို သိမ်းပိုက်သွားပါလိမ့်မယ်။ ထို့အတူ လူသားတစ်ယောက်အနေနဲ့ စစ်ရဲ့ သရုပ်သကန်ကို အမှန်အတိုင်း မြင်မိပါလိမ့်မယ်။