တိုက်ဆိုင်မှုနောက်ကွယ်

စိမ်းလဲ့ဖြူ

600 Kyats ကျပ်
ရှင်းထိုက်ရန် က ရှင်းကုမ္ပဏီ ဥက္ကဌရဲ့ မြေး၊ မန်နေဂျာချုပ်ရာထူးနဲ့ အလုပ်လုပ်နေတယ်။ သူက မွေးနေ့မှာ သူငယ်ချင်းဖြစ်သူ နေဘုန်းခကို မုန့်လိုက်ကျွေးတုန်း ဇာခတ်နွယ်နဲ့ ဆုံခဲ့ရတယ်။ ဆုံခဲ့ရတာထက် မတော်တဆဖြစ်ပြီး ရန်ဖြစ်ခဲ့ရတာပါ။ နောက်တော့ နွယ်က ထိုက်ရန်ဆီမှာ အလုပ်လုပ်ဖို့ဖြစ်လာတယ်။ ထိုက်ရန်အိမ်မှာနေပြီး ထိုက်ရန် ခိုင်းသမျှအလုပ် အကုန်လုပ်ရတာ။ တစ်ဖက်မှာလည်း ထိုက်ရန်ရဲ့ မိခင်က သူ့သူငယ်ချင်းရဲ့သမီး ရည်မွန်အောင်နဲ့ ထိုက်ရန်ကို သဘောတူထားတာ။ ဒီတော့ ထိုက်ရန်နဲ့ နွယ်တို့ နီးစပ်လာမှုမှာ ဘယ်လိုအခက်အခဲတွေရှိလာမလဲ? နောက်ပြီး ထိုက်ရန်ရဲ့ သူငယ်ချင်း နေဘုန်းခနဲ့ နွယ်ရဲ့သူငယ်ချင်းယွန်း၊ နွယ်ကို တဖက်သက်ကြိုက်နေတဲ့ ထည်ဝါ တို့အပြင် ထိုက်ရန်ရဲ့ မိခင်ဖြစ်သူနဲ့ နွယ်ရဲ့အတိတ်မှာ မထင်မှတ်ထားတဲ့ အဖြစ်အပျက်တစ်ခုရှိနေတဲ့အခါ… ပြန်ပေးဆွဲမှုတွေ၊ ထိတ်လန့်ဖို့ကောင်းတဲ့ အဖြစ်အပျက်တွေ၊ စိတ်ဒဏ်ရာတွေနဲ့ ဒီဝတ္ထုက တကယ်ကို အမိုက်စားပါပဲ။