ခင်ဗျားကိုကျွန်တော်ချစ်တယ်

စဝ်ခွန်ဇ

900 Kyats ကျပ်
‘အပေးအယူမမျှဘဲ ဘဝထဲ ဝင်လာတဲ့လူတွေကြောင့်ပဲ ချစ်ခြင်းမေတ္တာကို ကျွန်တော်ကြောက်လာမိတာ။ ရင်ဘတ်ထဲက ခံစားချက်မပါရင် ဘာအတွက်နဲ့မှ ကျွန်တော့်လက်ကို ဖမ်းမဆုပ်ပါနဲ့။ ကျွန်တော် ကမ်းလာခဲ့ရင်တောင် ပုတ်ချလိုက်ပါ။ အဲဒီလိုပါပဲ၊ ကျွန်တော့်ဘက်က မလေးနက်ဘူး ထင်တဲ့အခါမှာလည်း ခင်ဗျားဆုပ်ထားတဲ့ ကျွန်တော့်လက်ကို ဖြုတ်ချခဲ့လိုက်ပါ’ (စပ်ခွန်ဇ - ခင်ဗျားကို ကျွန်တော် ချစ်တယ် … ကဗျာ , မှ) မိုးညထဲက ကော်ဖီတစ်ခွက်လို၊ ဆောင်းညထဲက ဝီစကီတစ်ခွက်လို ဝေဒနာအခိုးအငွေ့တွေ ဝေသီနေတဲ့ ... ‘ခင်ဗျားကို ကျွန်တော် ချစ်တယ်’ ။ နှုတ်ခမ်းနီမလေးတွေကြားမှာ ရေပန်းစားနေတဲ့ လူငယ်ကဗျာဆရာ စပ်ခွန်ဇရဲ့ ... ‘ခင်ဗျားကို ကျွန်တော် ချစ်တယ်’ ။ ကျွန်တော်တို့အတွက်တော့ ရိုးဖြောင့်တဲ့ မေတ္တာစာလွှာ၊ သူ့အတွက်တော့ ငိုချင်စရာတွေ ဖြစ်နိုင်တယ်လို့ ကဗျာဆရာစစ်ငြိမ်းက အမှာစကားပါးထားတဲ့ ... ‘ခင်ဗျားကို ကျွန်တော် ချစ်တယ်’ ။ ယောက်ျားတစ်ယောက်ရဲ့ တစ်ဖက်သတ်အချစ် ခံစားမှုတွေကို နင့်ရှထိကြွေစေမယ့် အတွေးဝေဒနာတွေနဲ့ ခင်းကျင်းထားတဲ့ စပ်ခွန်ဇရဲ့ ... 'ခင်ဗျားကို ကျွန်တော် ချစ်တယ်'။ တစ်စုံတစ်ဦးကို နင့်နင့်သီးသီး ချစ်ခဲ့ဖူးရင် ဒီစာအုပ်ထဲက ကဗျာစုတွေဟာ ခင်ဗျား ဖတ်ဖို့ပါပဲလို့ ပြောရဲတဲ့ ... ‘ခင်ဗျားကို ကျွန်တော် ချစ်တယ်’ ။ ဘဝမှာ စွဲစွဲနစ်နစ် ချစ်ခဲ့ဖူးပြီး ဘယ်တော့မှ ပြန်ပိုင်ဆိုင်ခွင့်မရှိတော့တဲ့ သူတစ်ယောက် ရှိခဲ့ဖူးသူတိုင်းအတွက် ... စပ်ခွန်ဇရဲ့ 'ခင်ဗျားကို ကျွန်တော် ချစ်တယ်'