ခေါက်ထီးလေးမလုံ့တလုံ

စမ်းစမ်းနွဲ့(သာယာဝတီ)

900 Kyats ကျပ်
ဆရာမစမ်းစမ်းနွဲ့ (သာယာဝတီ) ရဲ့ နာမည်ကျော် ဝတ္ထုတစ်ပုဒ်ဖြစ်တဲ့ 'ခေါက်ထီးလေး မလုံ့တလုံ' စာအုပ်လေးပါ။ ရုပ်ရှင်ဇာတ်ကားကြီးအနေနဲ့လည်း ဒီဇာတ်လမ်းကို ခံစားခဲ့ကြပြီးပြီဆိုတော့ စာအုပ်ဖတ်ချင်တဲ့ စာချစ်သူတွေအတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်။ ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်နေတယ်လို့ သတင်းထွက်နေတဲ့ တည်းခိုခန်းပိုင်ရှင်ရဲ့ အမှုမှာ တည်းခိုခန်းက ပြည့်တန်ဆာ အမျိုးသမီးတွေကို သက်သေခေါ်ယူ စစ်ဆေးနေတဲ့ တရားခွင်ကနေ စတင်ဖွင့်လှစ်လိုက်တဲ့ ဇာတ်ဝင်ခန်း။ တရားလိုရှေ့နေမလေး အမွန်ရယ်၊ တစ်ခါက သူမ သိပ်ချစ်ရတဲ့ အခန်းဖော်သူငယ်ချင်း ကြွေရယ်၊ တရားခွင်မှာ တရားလို ရှေ့နေမလေးနဲ့ ပြည်တန်ဆာမလေးအဖြစ် ဆုံတွေ့ကြရတဲ့ အဖြစ်အပျက်တွေနဲ့ အစပျိုးထားတဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ် ဖြစ်ပါတယ်။