တစ်ကောင်တည်းပဲ ဒါပေမယ့် ခြင်္သေ့

စမ်းစမ်းနွဲ့(သာယာဝတီ)

900 Kyats ကျပ်
မိတ်ဆွေ။ သင့်ဘဝကို ရှေ့ဆက် ရှင်သန်ရပ်တည်ဖို့အတွက် မျှော်လင့်ချက်တွေ မရှိတော့ဘူးလား။ သိပ်ခက်ခဲနေပြီလား။ အင်အား မရှိတော့ဘူးလား။ ဒါဆိုရင်တော့ ဒီဝတ္ထုလေးကို ဖတ်ကြည့်ပါ။ ဆရာမ စမ်းစမ်းနွဲ့ (သာယာဝတီ) ရဲ့ အကောင်းဆုံးထဲက အကောင်းဆုံးတစ်ပုဒ်။ ဘဝရဲ့ မွန်းကျပ်နောက်ကျိစရာတွေ၊ ပျောက်ဆုံးနေတဲ့ ထွက်ပေါက်တွေကို ဇွဲ၊ လုံ့လ၊ ဝီရိယသုံးပြီး အရာရာကို စတေးလို့ ရဲရဲဝံ့ဝံ့ ရင်ဆိုင်နိုင်ခဲ့တဲ့ သူတစ်ယောက်အကြောင်းကို စိတ်ဝင်စားစရာ၊ အားကျစရာ၊ အတုယူစရာတွေနဲ့အတူ ရသအဖုံဖုံနဲ့ ခံစားကြရမယ့် စာအုပ်ကောင်းတစ်အုပ်ပါပဲ။