သူလိုလူ

ဂျာနယ်ကျော်မမလေး

1000 Kyats ကျပ်
စာရေးဆရာမကြီး ဂျာနယ်ကျော်မမလေးလို့ ဆိုလိုက်ရင် ‘သူလိုလူ’ စာအုပ်နဲ့ တွဲပြီး မှတ်သား မြင်ယောင်မိလေ့ ရှိကြတယ်။ ဂျာနယ်ကျော်မမလေးရဲ့ အခြားစာအုပ်တွေကို မဖတ်ဖူး မကြားဖူးရင်တောင်မှ ‘သူလိုလူ’ ကို စာဖတ်သမားအများစု ဖတ်ဖူး၊ ကြားဖူးကြတယ်။ တကယ်တော့ သူလိုလူဟာ ရှားမှရှားပေ့ဆိုတဲ့ ပုဂ္ဂိုလ်ကြီးတစ်ယောက်ရဲ့ ပုံရိပ်။ သူလိုလူဟာ ဂျာနယ်ကျော်မမလေးရဲ့ ခင်ပွန်း ‘ဂျာနယ်ကျော်ဦးချစ်မောင်’ ရဲ့ အတ္ထုပ္ပတ္တိ ကောက်ကြောင်းပဲ ဖြစ်ပါတယ်။ >> နိုင်ငံအတွက် စင်ပေါ်မတက် လူရှေ့မထွက်ဘဲ ကိုယ်ကျိုးစွန့် အနစ်နာခံ ဆောင်ရွက်ခဲ့သူ။ အလွန်ရိုးသားပြီး ကိုယ့်ရဲ့ ခံယူချက်ကို နည်းနည်းမှ သစ္စာမဖောက်ခဲ့သူ။ ဒီလို အရည်အချင်းမျိုးတွေနဲ့ ‘သူလိုလူ’ ဟာ အဲ့ဒီအချိန်အခါက နိုင်ငံရေးလှုပ်ရှားမှုနဲ့ စာပေရေစီးကြောင်းကိုလည်း ထင်ဟပ်နေတဲ့ သုတရသ အတ္ထုပ္ပတ္တိစာပေပဲ ဖြစ်ပါတယ်။ တကယ့်ကို နာမည်ကြီးတဲ့ စာအုပ်တစ်အုပ်ဖြစ်ပြီး စာဖတ်သမားတိုင်း ဖတ်ဖူးထားသင့်တဲ့ စာအုပ်ပါပဲ။