သူမ

ဂျာနယ်ကျော်မမလေး

900 Kyats ကျပ်
ဆရာမကြီး ဂျာနယ်ကျော်မမလေးရဲ့ အကြိမ်ကြိမ်ပုံနှိပ်နေရဆဲ၊ လူကြိုက်များ အောင်မြင်ဆဲဖြစ်တဲ့ "သူမ" ဝတ္ထုကြီးကို ဖတ်ပြီးပြီလားဗျ ။ မိန်းမတစ်ယောက်ရဲ့ အားမာန်၊ ခေတ်က ကန့်သတ်ထားတဲ့ ယောက်ျားနဲ့ မိန်းမတို့ရဲ့ လုပ်ပိုင်ခွင့်၊ စံသတ်မှတ်ချက်တွေကို မေးခွန်းထုတ်ထားတဲ့ ဝတ္ထုဖြစ်ပါတယ်။ နှစ်ပေါင်း ဘယ်လောက်ကြာကြာ၊ အကြိမ်ကြိမ် ရိုက်နှိပ်နေရဆဲ ဆိုကတည်းက ဘယ်လောက် ကောင်းတဲ့စာအုပ်လဲဆိုတာ မဖတ်ရသေးရင်တောင် ရိပ်မိမှာပါနော်။ " စာရေးဆရာတစ်ယောက်၏ စာပေမှတ်တိုင် ထူထောင်ရာ အမှတ်အသားတွငိ 'သူမ' ဝတ္ထုသည် ဂျပန်ခေတ်၌ ရေးသားထုတ်ဝေခဲ့သော ဂျာနယ်ကျော်မမလေး ၏ ပထမလက်ရာ အမှတ်အသား ဖြစ်ပါတယ် ။ ဂျပန်ခေတ်တုန်းကတော့ ဒီဝတ္ထုကို စာပေမွေ့သူတိုင်း သည်းသည်းလှုပ်ဖတ်ခဲ့ကြတဲ့ စာအုပ်ပေါ့ ...။ ဒီစာအုပ်ထဲမှာအမျိုးသမီးတွေ အိမ်ထောင့်တာဝန်နိုင်နင်းစေဖို့ ၊ ကိုယ့်အစွမ်းအစကို ပြသရင်း အားမငယ်တတ်စေဖို့ လမ်းညွှန်ထားတာကို တွေ့ရပါတယ် ...။ အမျိုးသားတွေမှ မဟုတ်ဘူး.. အမျိုးသမီးတွေကလည်း သူ့နည်းနှင့်သူ အကျပ်အတည်းတွေကို ဣနြေ္ဒရရ ကျကျနနကြီး ကျော်နင်းကာ ဖြေရှင်း ၊ ဂုဏ်ဆည်နိုင်ခဲ့ပုံကို တင်ပြထားတဲ့ ဝတ္ထုတစ်ပုဒ် ဖြစ်တယ်" လို့ တတိယအကြိမ်မြောက် ထုတ်ဝေမှုမှာ အမှာစာ ရေးသားထားတဲ့ ဝတ္ထု။ သူမ" ဝတ္ထုတွင်​ပါရှိသည့်​ ဇာတ်​လိုက်​ သက်​သက်​လို မိန်​က​လေးမျိုးလည်း များများ​ကြီး ​ပေါ်ထွက်​လာဖို့လိုအပ်​​ကြောင်းကိုလည်း.ပြသ​သော ဝတ္ထုတစ်​ပုဒ်​ဖြစ်​​တယ် လို့ အကြိမ်ကြိမ်ညွှန်းဆိုခြင်းခံရတဲ့ ဝတ္ထုတစ်ပုဒ်...။ ဒီဝတ္ထုကြီးကို အခုဆိုရင် ပုံနှိပ်ထုတ်ဝေတာ ဆယ်ကြိမ်အထက် ရှိခဲ့ပါပြီ။ မဖတ်ရသေးတဲ့ စာချစ်သူများ ခံစားကြည့်လိုက်ရအောင်လား ခင်ဗျ။